(နိုင်ငံတကာ) ဒီဇင်ဘာ ၃
ဂျပန်နိုင်ငံမြောက်ပိုင်းရှိ စူပါမားကတ်တစ်ခုသို့ ဝက်ဝံတစ်ကောင်ဝင်ရောက်လာပြီး ဝန်ထမ်းအားတိုက်ခိုက်ကာ အသားများလုယူခဲ့ကြောင်းသိရသည်။
အဆိုပါဝက်ဝံသည် စူပါမားကတ်အတွင်းမဝင်ရောက်မှီ အကီတာမြို့အတွင်း လှည့်လည်သွားလာနေခဲ့သည့် လုံခြုံရေးကင်မရာ ရုပ်သံမှတ်တမ်းများ ပေါ်ထွက်လာသည်။
ပြီးခဲ့သည့် စနေနေ့တွင် အဆိုပါစူပါမားကတ်အတွင်းဝင်ရောက်ကာ အသက် ၄၇ နှစ်အရွယ် ဝန်ထမ်းအားတိုက်ခိုက်ခဲ့ပြီး ဦးခေါင်းတွင် ဒဏ်ရာအချို့ရရှိခဲ့ကြောင်းသိရသည်။
ဂျပန်နိုင်ငံရှိ တောတောင်ထူထပ်သည့် မြို့များတွင် ဝက်ဝံတိုက်ခိုက်မှု အန္တရာယ်နှင့်ရင်ဆိုင်နေရပြီး ယခင်နှစ်များထက် ပိုမိုကြုံတွေ့နေရကြောင်း အာဏာပိုင်းများကဆိုသည်။
Telegram»…
https://t.me/positiveanglenews