လျပ်စစ်ဓါတ်အားခွဲရုံနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အကြမ်းဖက်အဖွဲ့မှ Drop Bomb ချ တိုက်ခိုက်

(ပြည်တွင်း)ဒီဇင်ဘာ ၃

မန္တလေးတိုင်းဒေသကြီး ၊ နွားထိုးကြီးမြို့၏ အရှေ့ဘက် ၁၄မိုင်ခန့်အကွာရှိ ပြင်စည်လျပ်စစ်ဓါတ်အားခွဲရုံ၌ လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်ရဲတပ်ဖွဲ့ဝင်များအား အကြမ်းဖက်PDFအဖွဲ့မှ Fixed Wing လက်လုပ်လေယာဥ်ဖြင့် Drop Bomb ချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ နံနက်၆နာရီခွဲအချိန်ခန့်က တပ်မတော် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်ရဲတပ်ဖွဲ့ဝင်များမှ ပြင်စည်လျပ်စစ်ဓါတ်အားခွဲရုံ၌ လုံခြုံရေးဆောင်ရွက်နေစဥ် ဓါတ်အားခွဲရုံ၏ အနောက်ဘက် ၃မိုင်ခန့်အကွာ ထန်းတောကြီးကျေးရွာနှင့်တက်စီကျေးရွာကြားမှ အကြမ်းဖက် PDF များက Fixed Wing လက်လုပ်လေယာဥ်ဖြင့် Drop Bomb ၁၀လုံးချ တိုက်ခိုက်ခဲ့ပြီး ဓါတ်အားခွဲရုံ၏ မြောက်ဘက်နှင့်အနောက်ဘက် ၂ဖာလုံခန့်အကွာ ချုံပုတ်များအတွင်းမှ လက်နက် ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခဲ့ရာ တပ်မတော် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်တွင် ရဲတပ်ဖွဲ့ဝင် နှစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ နံနက်၈နာရီအချိန်တွင် ပစ်ခတ်မှု ရပ်တန့်သွားပြီး အကြမ်းဖက် PDF များ ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရှိရသည်။

#PAN