(အားကစား) ဒီဇင်ဘာ ၃
မြန်မာ့လက်ဝှေ့အကျော်အမော် သံမဏိစိုးလင်းဦးဟာ နိုဝင်ဘာ (၃၀) ရက် ညနေပိုင်းအချိန်က ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ကာ ဆေးရုံတက်ကုသမှုခံယူနေရကြောင်း ၎င်း၏ ဒို့ရိုးရာ လက်ဝှေ့ ကလပ်က အသိပေး ကြေညာခဲ့ပါတယ်။
အဆိုပါ ယာဉ်မတော်တဆမှုကြောင့် လက်ရှိတွင် ဆေးရုံ၌ ဆေးကုသမှု ခံယူနေရပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီ (၂၄) ရက်တွင် ကျင်းပမည့် ONE 170 ပွဲစဉ်၌ မွေထိုင်းဖိုက်တာ ဆက်ဆန်နှင့် ထိုးမည့်ပွဲစဉ်အား ၎င်းဘက်မှ ဖျက်သိမ်းလိုက်ရပြီဖြစ်ကြောင်းလည်း အသိပေးထားပါတယ်။
သံမဏိ စိုးလင်းဦးအနေဖြင့် ONE ၏ ပွဲစဉ်တလျှောက် (၄) ပွဲထိုး (၃)ပွဲနိုင် (၁)ပွဲရှုံး ရလဒ်ထွက်ပေါ်ထားကာ ၊ ONE က ပြီးခဲ့သည့် ဇူလိုင် (၂၂)ရက်တွင် ဒေါ်လာတစ်သိန်းတန်စာ ချုပ်အား ချုပ်ဆိုထားပြီးနောက် ဆက်တိုက် ပွဲထွက်ခွင့်ရနေခြင်းဖြစ်ပါတယ်။
Telegram»…
https://t.me/positiveanglenews
PAN