မြောက်ကျွန်းကျေးရွာရှိ လုံခြုံရေးစခန်းအား အကြမ်းဖက် PDF များမှ Drop Bomb ချ တိုက်ခိုက်


(ပြည်တွင်း) ဒီဇင်ဘာ ၃

တပ်မတော် လုံခြုံ ရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်ဌာနေအဖွဲ့ဝင်များ အခြေပြုလျက်ရှိသော မြင်းခြံမြို့နယ်၊ မြောက်ကျွန်းကျေးရွာအား အကြမ်းဖက် PDF များက Drone ဖြင့် Drop Bomb ချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

၂၉.၁၁.၂၀၂၄ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်က မြောက်ကျွန်းကျေးရွာအား အကြမ်းဖက် PDF များက Drone ဖြင့် Drop Bomb ၁ လုံးချတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် PDF အင်အား ၂၀၀ ခန့်က လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ စစ်ဌာနေအဖွဲ့ဝင်များက ပြန်လည်ခုခံ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားရာသို့ မြင်းခြံမြို့နယ်၊ အနိမ့်ကျေးရွာတွင် အခြေပြုလျက်ရှိသော တပ်မတော်စစ်ကြောင်းမှ လက်နက်ကြီးဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့ပြီး တပ်မတော် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်ဌာနေအဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့မှ စစ်ကူပေးသွားရောက်ရှင်းလင်းခဲ့ရာ ည ၁၂ နာရီအချိန်တွင် အကြမ်းဖက် PDF များ ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြောင်း၊ ဆုတ်ခွာထွက်ပြေးသွားသော အကြမ်းဖက် PDF များနောက်သို့ တပ်မတော်စစ်ကြောင်းနှင့် ပြည်သူ့ စစ်ဌာနေအဖွဲ့များမှ လိုက်လံရှင်းလင်းခဲ့ရာ အကြမ်း ဖက် PDF များထံမှ RPG ၁ လက်နှင့် ပို့ကျည်များ၊ ကျည်ဆံများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN