(ပြည်တွင်း) ဒီဇင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့၊ ရှမ်းပွဲရပ်ကွက်မှာ စားအုန်းဆီ တစ်ပိဿာကို ၈၂၃၅ ကျပ်နှုန်းနဲ့ ဒီကနေ့ မနက်ပိုင်းက ရောင်းချပေးခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ ဆီကုန်သည်ဆီလုပ်ငန်းရှင်များအသင်းနဲ့ ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး မြစ်သားမြို့နယ်က ဌာနဆိုင်ရာဝန်ထမ်းတွေအတွက် ဈေးနှုန်းချိုသာစွာ စားသုံးနိုင်ရန်အတွက် မြို့နယ်ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တို့က ရောင်းချပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီလို ရောင်းချရာမှာ ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင် များအသင်းက မြစ်သားမြို့၊ ရှမ်းပွဲရပ်ကွက်ရှိ ဒေါ်ဇာဇာကုန်ဆုံဆိုင်ရှေ့မှာ ဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်တွေ ဖြစ်ကြတဲ့ အဖွဲ့ဝင် ဒေါ်ဇာဇာ၊ ဦးအောင်ဆန်းဝင်း (အောင်ကမ္ဘာဆီစက်၊ ကူမဲမြို့)၊ ဦးဇော်လင်းနောင် (ငွေကလပ်ဆီဆိုင်၊ ကူမဲမြို့) တို့ ၃ ဦးတို့က ရောင်းချပေးခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
မြစ်သားမြို့နယ်က ဌာနဆိုင်ရာဝန်ထမ်းတွေအတွက် တစ်ဦးကို ဆီ (၂) ပိဿာနှုန်းနဲ့ ရောင်းချပေးခဲတာဖြစ်ပြီး ဌာနဆိုင်ရာ (၄၅) ဌာနတို့မှ အရာထမ်း၊ အမှုထမ်း စုစုပေါင်း(၁၂၀၂) ဦးတို့အတွက် ဆီပိဿာချိန်(၂၄၀၄)ပိဿာကို ရောင်းချပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
#PAN