(နိုင်ငံတကာ) ဒီဇင်ဘာ ၃
ရုရှားသမ္မတ ဗလာဒီမာပူတင်သည် နိုင်ငံ၏ ဘတ်ဂျက်သုံးပုံတစ်ပုံအား စံချိန်တင်သုံးစွဲရန် အတည်ပြုခဲ့ကြောင်းသိရသည်။
၂၀၂၅ ခုနှစ်အတွက် ဘက်ဂျက်တွင် အမေရိကန်ဒေါ်လာ ၁၂၆ ဘီလီယံအား ကာကွယ်ရေးအတွက် အသုံးချမည်ဖြစ်ပြီး အဆိုပါ ပမာဏသည် အစိုးရအသုံးစရိတ်၏ ၃၂.၅ ရာခိုင်နှုန်းဖြစ်သည်။
သုံးနှစ်နီးပါးကြာ ဖြစ်ပွားခဲ့သည့် ယူကရိန်းနှင့် စစ်ပွဲအား အရှိန်မြှင့်စေရန် ယခင်နှစ်သုံးစွဲမှုထက် ဒေါ်လာ ၂၈ ဘီလီယံပိုမိုများပြားကြောင်းသိရသည်။
ရုရှားလွှတ်တော်သည် လာမည့် ၂၀၂၆ နှင့် ၂၀၂၇ ခုနှစ်တွင် စစ်အသုံးစရိတ် အနည်းငယ်လျှော့ချနိုင်မည်ဟု ခန့်မှန်းထားသော်လည်း လက်ရှိဘတ်ဂျက်ကို အတည်ပြုပေးလိုက်ကြောင်းသိရသည်။
ယူကရိန်းနှင့်ဖြစ်ပွားနေသောစစ်ပွဲတွင် နှစ်ဘက်အရင်အမြစ်များစွာ ဆုံးရှုံးခဲ့ခြင်းကြောင့် ယခုကဲ့သို့ စံချိန်တင်သုံးစွဲရခြင်းဖြစ်နိုင်ပြီး ယူကရိန်းထိုးစစ်အရှိန်မြှင့်ရန်လည်း ဖြစ်နိုင်ကြောင်း သုံးသပ်မှုများရှိသည်။
Telegram»…
https://t.me/positiveanglenews