(ပြည်တွင်း) ဒီဇင်ဘာ ၃
ပဲခူးတိုင်း(အနောက်ပိုင်း)၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့၊ စျေးချို မြောက်ရပ်ကွက်တွင် ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့်က “ဖြိုးသုခ” စိုက်ပျိုးရေးဆေးဆိုင်အတွင်းရှိ အမျိုးသားအား အကြမ်းဖက် PDF အဖွဲ့မှ အကြောင်းမဲ့သတ်ဖြတ်သွားကြောင်း သိရသည်။
ကြို့ပင်ကောက်မြို့၊ စျေးချို မြောက်ရပ်ကွက်၊ ရုံးလမ်းတွင်ဖွင့်လှစ်ရောင်းချနေသော “ဖြိုးသုခ” စိုက်ပျိုးရေးဆေးဆိုင်အတွင်းရှိ ကိုအောင်ထွန်း၊ အသက် ၅၀ ခန့်ရှိသူ အမျုးသားတစ်ဦးအား အကြမ်းဖက် PDF အဖွဲ့မှ နဖူးတည့်တည့်သို့ သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ”ဟူသည့် တစ်ဖက်သတ် အစွန်းရောက်ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများ အား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Telegram»…
https://t.me/positiveanglenews