နေပြည်တော်တွင် ရဲတပ်ဝင်များလိုက်ပါလာသည့် ယာဥ်နှင့် အိမ်စီးကားတို့ ယာဉ်တိုက်မှုဖြစ်ပွား


(မှုခင်း) ဒီဇင်ဘာ ၃

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ သံတမန်ဇုံ၊ ရွှေပြည်တော်ဝင်လမ်းနှင့် သဇင်လမ်းလမ်းဆုံတွင် ရဲတပ်ဖွဲ့ဝင်များလိုက်ပါလာသည့် အပြာရောင်ယာဥ်နှင့် အိမ်စီးကားတို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ ည ၇ နာရီအချိန်ခန့်က ရဲတပ်သားတစ်ဦး မောင်းနှင်လာသော FOTON အမျိုးအစား အပြာရောင်ယာဉ်သည် ရွှေပြည်တော်ဝင်လမ်းအတိုင်း မြောက်မှတောင်သို့မောင်းနှင်လာစဉ် သဇင်လမ်းအတိုင်း အရှေ့မှ အနောက်သို့ ယာဉ်မောင်း မ……….၊ ၂၂ နှစ်၊ အမှတ် (၁၂၂၄)၊ နှင်းဆီ (၁) လမ်း၊ မင်္ဂလာဒီပရပ်ကွက်၊ ပုပ္ပသီရိမြို့နယ်နေသူ မောင်းနှင်လာသော 6H-8479 Toyata Crown အမျိုးအစား အနက်ရောင်ယာဉ်နှင့် လမ်းဆုံတွင် တိုက်မိခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် FOTON အမျိုးအစား အပြာရောင်ယာဉ်သည် တိမ်းမှောက်ခဲ့ပြီး ယာဥ်ပေါ်ပါ ယာဥ်မောင်း (၁)ဦးအပါဝင် ရဲတပ်ဖွဲ့ဝင် ၁၇ ဦး ဒဏ်ရာများရရှိခဲ့ပြီး Toyata Crown အမျိုးအစား အနက်ရောင်ယာဉ်မှာ လမ်းဘေးမြောင်းအတွင်း ထိုးကျခဲ့ပြီး ယာဉ်မောင်းအမျိုးသမီးမှာ ဦးခေါင်းဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူများအား နေပြည်တော် ကုတင်(၁၀၀၀)ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိခဲ့ရာ ဒုရဲအုပ်တစ်ဦးသည် ရရှိိဒဏ်ရာဖြင့် သေဆုံးသွားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN