(ပြည်တွင်း) ဒီဇင်ဘာ ၃
ရုရှားနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr. Sholban Kara – Ool ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နိုဝင်ဘာ ၂ ရက်နေ့က နေပြည်တော်ကို ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။
ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးရဲ့ ဖိတ်ကြားချက်အရ နေပြည်တော်ကို ရောက်ရှိလာခဲ့တာဖြစ်တယ်လို့ နစကအစိုးရဘက်က သတင်းထုတ်ပြန်ထားပါတယ်။
အခုလို ရောက်ရှိလာစဉ်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ နိုင်ငံတကာဆက်ဆံရေးကော်မတီက ဗဟိုအလုပ်အမှုဆောင် ဦးအောင်စိုး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်နဲ့ တာဝန်ရှိသူတွေက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို သွားရောက် ကြိုဆိုနှုတ်ဆက်ခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီနောက် ဒူးမားလွှတ်တော်၊ ဒုတိယဥက္ကဋ္ဌ ဦးဆောင်တဲ့ အဖွဲ့ဟာ နေပြည်တော်က မာရဝိဇယထိုင်တော်မူ ဘုရားကြီးအပါအဝင် အထင်ကရနေရာတွေကို သွားရောက်ဖူးမြော် ကြည့်ရှုလေ့လာခဲ့ကြတယ်လို့ သိရပါတယ်။
နေပြည်တော် အမျိုးသားပြတိုက်ကို ရောက်ရှိပြီး သမိုင်းကြောင်းတွေနဲ့ သမိုင်းမတင်မီ ခေတ်ပြခန်း၊ သမိုင်းတင်ခေတ်ဦးပြခန်း၊ လက်ဆောင်ပစ္စည်းများပြခန်း၊ သီဟာသနပလ္လင်ပြခန်းနှင့် နိုင်ငံတော်သမ္မတတွေ အသုံးပြုခဲ့တဲ့ မော်တော်ယာဉ်တွေ ပြခန်းတို့ကိုလည် လေ့လာကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။
ဒူးမားလွှတ်တော်၊ ဒုတိယဥက္ကဋ္ဌဟာ နေပြည်တော်ကို ရောက်ရှိနေစဉ်မှာ နစကအစိုးရအဖွဲ့ တာဝန်ရှိသူတွေ၊ အခြားအဖွဲ့အစည်းတွေနဲ့လည်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်တွေကို ဆွေးနွေးသွားဖို့ရှိနေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
#PAN