ဓာတ်ခွဲခန်းယိုစိမ့်မှုကြောင့် ကိုဗစ် ၁၉ ရောဂါဖြစ်ပေါ်ကြောင်း အမေရိကန် အောက်လွှတ်တော်ကော်မတီဆို


(နိုင်ငံတကာ) ဒီဇင်ဘာ ၃
ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြုံတွေ့ခဲ့ရသည့် ကိုဗစ် ၁၉ ရောဂါသည် ဓာတ်ခွဲခန်းတစ်ခုမှ ယိုစိမ့်လာခြင်းဖြစ်နိုင်ကြောင်း ရီပါဘလစ်ကန် ထိန်ချုပ်ထားသည့် အောက်လွှတ်တော်ကော်မတီတစ်ရပ်၏ အစီအရင်ခံစာအရသိရသည်။
စာမျက်နှာ ၅၀၀ ကျော်ပါသည့် အဆိုပါကော်မတီ၏ စုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့ရပြီးနောက် အောက်ပါအတိုင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
“ဒီလုပ်ငန်းက အမေရိကန်နဲ့ ကမ္ဘာမှာ နောက်ထပ်ကြုံတွေ့နိုင်တဲ့ ကမ္ဘာ့ကပ်ရောဂါတွေအတွက် ကြိုတင်ခန့်မှန်းခြင် ကြိုတင်ပြင်ဆင်ခြင်းနှင့် ကြိုတင်ကာကွယ်ခြင်းများကို အကူအညီဖြစ်စေမှာပါ” ဟု အဆိုပါကော်မတီ ဥက္ကဋ္ဌတစ်ဦးဖြစ်သူ အမေရိကန်အောက်လွှတ်တော်အမတ် Brad Wenstrup ကဆိုသည်။
သုတေသနပညာရှင်အချို့က အဆိုပါဗိုင်းရပ်စ်သည် တိရစ္ဆာန်များမှ လူသားများထံ ပြန့်ပွားသည့်ရောဂါတစ်ခုဖြစ်ပြီး ဝူဟန်မြို့ဈေးတစ်ခုမှာ မူလဇစ်မြစ်ပေါ်ပေါက်လာကြောင် သုံးသပ်ခဲ့ကြသော်လည်း အဆိုပါကော်မတီ၏ ထုတ်ပြန်ချက်နှင့်ကွဲလွဲမှုဖြစ်ပေါ်နေသည်။
အမေရိကန်၏ အဆိုပါအစီအရင်ခံစာနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံမှ တစ်စုံတရာတုန့်ပြန်ခြင်းမရှိကြောင်းသိရသည်။

#PAN