(နိုင်ငံတကာ) ဒီဇင်ဘာ ၃
BRICS အဖွဲ့က ကိုယ်ပိုင်ငွေကြေး ထုတ်ဝေအသုံးပြုမည့်အစီအစဉ်နှင့်ပတ်သက်၍ အမေရိကန်သမ္မတ လောင်း ဒေါ်နယ်ထရမ့်၏ခြိမ်းခြောက်မှုသည် နိုင်ငံများအနေဖြင့် အမေရိကန်ဒေါ်လာ အသုံးပြုမှုကို စွန့်လွှတ်လို သည့် စိတ်များကိုသာ တိုးမြှင့်ဖြစ်ပွားလာစေနိုင်သည်ဟု ရုရှားသမ္မတရုံးမှပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ က ဒီဇင်ဘာလ ၂ ရက်တွင် ပြောသည်။
BRICS အဖွဲ့ဝင်နိုင်ငံများက ကမ္ဘာ့ကုန်သွယ်ရေးတွင် အမေရိကန်ဒေါ်လာ လွှမ်းမိုးမှုကိုဖယ်ရှားနိုင်ရေးအတွက် ကိုယ်ပိုင်ငွေကြေး ထုတ်လုပ်သုံးစွဲရန် စီစဉ်နေခြင်းဖြစ်သည်။
သို့သော် ယင်းအဖွဲ့ဝင်နိုင်ငံများက ထိုသို့လုပ်ဆောင်လာပါက အဆိုပါနိုင်ငံများအားလုံးကို သွင်းကုန် စည်းကြပ်အခွန် ၁၀၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမည်ဖြစ်ကြောင်း ဒေါ်နယ်ထရမ့် က ပြောထားခြင်း ဖြစ်သည်။
ထို့နောက် အမေရိကန်ဒေါ်လာသည် နိုင်ငံအများအပြား၏ အရန်ငွေကြေးအဖြစ်မှ ကျဆင်းလာနေပြီဖြစ်ကြောင်း ဒီမီထရီ ပက်စကော့ က ပြောသည်ဟု RT သတင်းဌာနတွင် ဖော်ပြထားသည်။
Telegram»…
https://t.me/positiveanglenews