သင်္ဘောများအား တိုက်ခိုက်ခဲ့သည့် ဟူသီဒုံးကျည်များအား ကြားပစ်ချခဲ့ကြောင်း အမေရိကန်ပြော


(နိုင်ငံတကာ) ဒီဇင်ဘာဘာ ၂

အမေရိကန်ရေတပ်မှာ စောင့်ကြပ်လိုက်ပါလာသော သင်္ဘောများအား ဟူသီသူပုန်များက တိုက်ခိုက်မှုကို ဟန့်တားပစ်ချနိုင်ခဲ့ကြောင်း အမေရိကန်စစ်တပ်မှ ထုတ်ပြန်သည်။

အဆိုပါသင်္ဘောများသည် အေဒင်ပင်လယ်ကွေ့သို့ ဝင်ရောက်လာပြီး အမေရိကန်နိုင်ငံအလံလွှင့်ထူထားကြောင်းသိရပြီး အမေရိကန်စစ်တပ်မှ USS Stockade နှင့် USS O’Kane ဖျက်သင်္ဘော နှစ်စီး စောင့်ကြပ်လိုက်ပါလာခဲ့ကြောင်း သိရသည်။

ဟူသီအဖွဲ့သည် ဒုံးကျည်များ ဒရုန်းများအသုံးပြုကာ တိုက်ခိုက်ခဲ့သော်လည်း ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ကြောင်း အမေရိကန် ဗဟိုဌာနချုပ်မှ ထုတ်ပြန်သည်။

Telegram»…
https://t.me/positiveanglenews

PAN