(ပြည်တွင်း) ဒီဇင်ဘာ ၂
တပ်မတော်(ရေ)ကွပ်ကဲမှုအောက် စစ်ဆင်ရေးရေပြင်ဧရိယာအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော အမြန်သွားကင်းလှည့်ရေယာဉ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာလ ၂၉ ရက် ည ၈ နာရီ ၁၅ မိနစ်ခန့်၌ ဖျာပုံမြစ်ဝ အနောက်တောင်ဘက် ၂၅ မိုင်ခန့်အကွာတွင် ငါးဖမ်းလှေတစ်စီး သောင်တင်၍ ရေဝင်နစ်မြုပ်နေကြောင်း သတင်း ရရှိသဖြင့်သွားရောက်ကယ်ဆယ်ခဲ့ကြောင်း သိရသည်။
ဖျာပုံမြို့မှ ရန်ကုန်သို့ထွက်ခွာလာသော မြမျိုးလွင်(၉)အမည်ရှိ လှေသား ၁၉ ဦးပါ ဒရွတ်ဆွဲငါးဖမ်းလှေသည် ရုတ်တရက်လှိုင်းလှေပြင်းထန်ကာ သောင်တင်မှုဖြစ်ခဲ့ခြင်း ကြောင့် ရေယာဉ်ဝမ်းဗိုက်အတွင်း ရေဝင်ရောက်မှုများဖြစ်ပေါ်ကာ လှေတစ်ဝက်မှာ နစ်မြုပ်နေသဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး ကယ်ဆယ်ရရှိသည့် လှေသားများအား စစ်ရေယာဉ်ပေါ်သို့တင်ဆောင်၍ လိုအပ်သော ကျန်းမာရေးစစ်ဆေးကုသခြင်း၊ အဝတ်အထည်နှင့် အစားအသောက်များထောက်ပံ့ ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကယ်ဆယ်ရေးဆောင်ရွက်ထားသည့် ငါးဖမ်းလှေမှ လှေသားများအား နိုဝင်ဘာလ ၃၀ ရက် ည ၈ နာရီ ၁၀ မိနစ်ခန့်တွင် လှေပိုင်ရှင်ဖြစ်သူထံသို့ စနစ်တကျလွှဲ ပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews