ဘယ်ဂျီယံတွင် လိင်လုပ်သားများအတွက် ခံစားခွင့်ဆိုင်ရာ ဥပဒေပြဌာန်း


(နိုင်ငံတကာ) ဒီဇင်ဘာဘာ ၂

ဘယ်ဂျီယံနိုင်ငံတွင် လိင်လုပ်သားများ ခံစားခွင့်အတွက် ကမ္ဘာပထမဦးဆုံး ဥပဒေများ ပြဌာန်းခဲ့ကြောင်းသိရသည်။

အဆိုပါဥပဒေတွင် လိင်အလုပ်သမများသည် မီးဖွားခွင့်၊ ကျန်းမာရေးအာမခံနှင့် ပင်စင်လစာများအပါအဝင် တရားဝင်အလုပ်စာချုပ်များပါ ချုပ်ဆိုလုပ်ကိုင်နိုင်တော့မည်ဖြစ်ကြောင်းသိရသည်။

ဘယ်ဂျီယံနိုင်ငံသူ ပြည့်တန်ဆာအမျိုးသမီးတစ်ဦးဖြစ်သည့် ဆိုဖီက “ ငါတို့အတွက် လူတွေအဖြစ် ရပ်တည်ဖို့အတွက် အခွင့်အလမ်းတစ်ခုပဲ” ဟု ပြောကြားခဲ့သည်။

လူ့အခွင့်အရေးစောင့်ကြည့်လေ့လာသည့် အဖွဲ့တစ်ခုဖြစ်သည့် HRW က ကမ္ဘာပေါ်တွင် အကောင်းဆုံးခြေလှမ်းဖြစ်ကြောင်း ပြောဆိုခဲ့ပြီး အခြားနိုင်ငံများကလည်း လိုက်ပါ လုပ်ဆောင်ရန်လိုအပ်ကြောင်းပြောဆိုခဲ့သည်။

ဘယ်ဂျီယံနိုင်ငံသည် လိင်လုပ်သားများနှင့်ပတ်သက်ပြီး ခွဲခြားဆက်ဆံမှုရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အိမ်နီးခြင်းဥရောပနိုင်ငံအချို့တွင် အဆိုပါလုပ်ငန်းအား တရားဝင်ခွင့်ပြုထားသည်။

Telegram»…
https://t.me/positiveanglenews

PAN