(အားကစား) ဒီဇင်ဘာဘာ ၂
လီဗာပူးလ်အသင်းက မကြာခင်မှာ အသင်းကနေ ထွက်ခွာတော့မယ့် အသင်းရဲ့ နောက်ခံကစားသမား အာနိုး နေရာမှာ အစားထိုးနိုင်ဖို့အတွက် လေဗာကူဆင်အသင်းရဲ့ နောက်ခံကစားသမား ဖရင်ပေါင် ကို ခေါ်ယူသွားမယ်လို့ သိရပါတယ်။
အသက် ၂၃ နှစ်အရွယ်သာရှိသေးတဲ့ ဖရင်ပေါင် ဟာ လေဗာကူဆင်အသင်းအတွက် ပြိုင်ပွဲစုံ ၁၆၀ ကစားထားပြီး သွင်းဂိုး ၂၆ ဂိုးအထိ သွင်းယူထားပါတယ်။ ဒါကြောင့် လီဗာပူးလ်အသင်းက လေဗာကူဆင်အသင်းမှာ ခြေစွမ်းပြ ကစားနေတဲ့ ဖရင်ပေါင် ကို လာမယ့် လူဝယ်ရာသီမှာ အရခေါ်ယူသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။
လေဗာကူဆင် အသင်းကလည်း ဖရင်ပေါင် အတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးရရှိပါက ရောင်းချသွားဖွယ် ရှိနေပါတယ်။
ဒါကြောင့် လီဗာပူးလ်အသင်းအနေနဲ့ ဖရင်ပေါင် ကို လာမယ့် လူဝယ်ရာသီမှာ ခေါ်ယူနိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
Telegram»…
https://t.me/positiveanglenews