ဒီဇင်ဘာလမှာ နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ် အစင်း ၆၀ ဝင်ရောက်ဆိုက်ကပ်မည်


(စီးပွားရေး) ဒီဇင်ဘာဘာ ၂

လာမည့် ဒီဇင်ဘာလမှာ နိုင်ငံတကာကုန်သေတ္တာတင်ယာဉ် အစင်း ၆၀ ဝင်ရောက်ဆိုက်ကပ်မည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ကနေ သိရပါတယ်။

ပြည်တွင်းသို့ ယခုနှစ်၏ ၁၁ လတာကာလအတွင်း ပြည်တွင်းသို့ နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ် ၅၇၃ စင်းဝင်ရောက်ဆိုက်ကပ်ခဲ့ပြီးဖြစ်ပါတယ်။

လအလိုက် ဝင်ရောက်မှု အနေနဲ့ ဇန်နဝါရီလတွင် ၄၉ စင်း၊ ဖေဖော်ဝါရီလတွင် ၅၃ စင်း ၊ မတ်လတွင် ၅၅ စင်း၊ ဧပြီလတွင် ၅၀ စင်း၊ မေလတွင် ၅၂ စင်း၊ ဇွန်လတွင် ၅၀ စင်း၊ ဇူလိုင်လတွင် ၅၀ စင်း၊ ဩဂုတ်လတွင် ၅၀ စင်း၊ စက်တင်ဘာလတွင် ၅၅ စင်း ၊ အောက်တိုဘာလတွင် ၅၂ စင်း၊ နိုဝင်ဘာလတွင် ၅၇ စင်း ဝင်ရောက် ဆိုက်ကပ် ခဲ့ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီမှ ဒီဇင်ဘာလကုန်ထိ တစ်နှစ်တာကာလအတွင်း ရန်ကုန်ဆိပ်ကမ်းများသို့ နိုင်ငံတကာ သင်္ဘောလိုင်းများမှ ကုန်သေတ္တာတင်သင်္ဘော ၆၄၅ စင်း ဝင်ရောက်ခဲ့ကြောင်း လည်း သိရပါတယ်။

ရန်ကုန်ဆိပ်ကမ်းဧရိယာမှာ အပြည်ပြည်ဆိုင်ရာ ရေယာဉ်ကြီးများဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းတံတား ၂၇ စင်း၊ ရန်ကုန်သီလဝါအပြင် ဆိပ်ကမ်းဧရိယာတွင် ဆိပ်ကမ်းတံတား ၁၉ စင်း စုစုပေါင်း ၄၆ စင်းဖြင့် ဝန်ဆောင်မှု ပေးနေခြင်းဖြစ်ကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN