(နိုင်ငံတကာ) ဒီဇင်ဘာဘာ ၂
ဆီးရီးယားနိုင်ငံ အလက်ပိုမြို့ကို သူပုန်များက သိမ်းပိုက်ပြီးနောက် ပြန်လည်တိုက်ခိုက်ခြေမှုန်းရန် စစ်ကူများစေလွှတ်ထားကြောင်း သမ္မတအာဆက်ကဆိုသည်။
အာဆက်က အကြမ်းဖက်သမားများ ကျရှုံးစေရမည်ဟု ကတိပေးခဲ့ပြီး အလက်ပိုမြို့နှင့်အနီးတဝိုက်အား လက်နက်ကိုင်များ ထပ်မံဝင်ရောက်လာခြင်းမရှိစေရန် စစ်ကူအများအပြား စေလွှတ်ခဲ့ကြောင်းသိရသည်။
ထို့အပြင် အရှေ့အလယ်ပိုင်းဒေသမှ စေတနာ့ဝန်ထမ်းတိုက်ခိုက်ရေးသမား ရာပေါင်းများစွာလည်း ဆီးရီးယားနိုင်ငံသို့ ဝင်ရောက်လာပြီး ဆီးရီးယားနယ်နိမိတ်အား ပူးပေါင်းကာကွယ်သွားမည် ဖြစ်ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြလျက်ရှိသည်။
အကြမ်းဖက်သမားများ သိမ်းဆည်းထားသည့် အလက်ပိုမြို့ရှိ နေရာအချို့ကို ရုရှားနှင့် ဆီးရီးယားလေတပ်မှလည်း လေကြောင်းတိုက်ခိုက်သည့်ရုပ်သံများပေါ်ထွက်လာပြီး အကြမ်းဖက်သမားများ စုဝေးနေသည့် ယာဉ်တန်းအချို့ ထိခိုက်ပျက်စီးခဲ့သည်။
Telegram»…
https://t.me/positiveanglenews