(နိုင်ငံတကာ) ဒီဇင်ဘာဘာ ၂
ဆီးရီးယားတပ်မတော်က အကြမ်းဖက်သမားများ ခေတ္တထိန်းချုပ်သွားသည့် နယ်မြေများကို ထိန်းချုပ်မှု ပြန်လည်ရယူလိုက်ပြီ ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၁ ရက်တွင် ထုတ်ပြန်ထားသည်။
ထို့ပြင် ဆီးရီးယားတပ်ဖွဲ့များက နိုင်ငံမြောက်ပိုင်းရှိ ဟာမာမြို့၌ အခိုင်အမာ ခံစစ်ဆင်ကာ အကြမ်းဖက်သမားများ ဝင်ရောက်တိုက်ခိုက်မှုကို တွန်းလှန်လိုက်နိုင်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကား၍ နိုင်ငံပိုင်သတင်းဌာနတစ်ခုက ဖော်ပြထားသည်။
တစ်ချိန်တည်းမှာပင် ဆီးရီးယားလေတပ်ကလည်း အလက်ပိုမြို့ နှင့် အိုင်ဒလစ်မြို့အနီးရှိ အကြမ်းဖက်သမားများ၏ အခိုင်အမာခြေကုပ်များကို လေကြောင်းမှတိုက်ခိုက်မှုများ လုပ်ဆောင်ကြောင်း ထိုသတင်းဌာန၏ထုတ်ပြန်ချက်တွင် တွေ့ရသည်။
အလားတူ ပြီးခဲ့သည့် သုံးရက်အတွင်း ဆီးရီးယားတပ်မတော်၏ချေမှုန်းမှုများကြောင့် အကြမ်းဖက်သမား ထောင်ပေါင်းများစွာ သေဆုံးသွားရသည်ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ဆီးရီးယားနိုင်ငံ အခြေစိုက် ရုရှားလေတပ်ဆွယ်ကလည်း ဆီးရီးယားတပ်မတော်ဘက်မှနေ၍ အကြမ်းဖက်သမား များကို တိုက်ထုတ်မှုများ လုပ်ဆောင်ပေးလျက်ရှိသည်။ ဟာယတ်တာရီယာ အယ်ရှမ်း စစ်သွေးကြွအဖွဲ့က ဆီးရီးယားနိုင်ငံမြောက်ပိုင်းရှိ အလက်ပိုမြို့နှင့် အိုင်ဒလစ်မြို့တို့ကို နိုဝင်ဘာလ ၂၇ ရက်မှစ၍ တိုက်ခိုက်မှုများ လုပ် လာခြင်း ဖြစ်ကြောင်း Sputnik သတင်းဌာန ဖော်ပြချက်အရ သိရသည်။
Telegram»…
https://t.me/positiveanglenews