ချမ်းအေးသာစံမြို့နယ်ရှိ နေအိမ်တွင် ပါဝါစတေရှင် အားသွင်းထားရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွား


(မှုခင်း) ဒီဇင်ဘာ ၂

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြိုနယ်၊ ကန်ကောက်ရပ်ကွက်၊ ၃၃ လမ်း၊ ၅၂×၅၃ လမ်းကြားတွင် ယနေ့မွန်းလွဲ ၄ နာရီ ၅၀ မိနစ်အချိန်ခန့်က ၂၀×၂၀ ပေ၊ သွပ်မိုး၊ထရံကာ အဆောက်အဦး၌ မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီကျော်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဥ်မှာ ဦးအန်ပန်း၊ ၆၅နှစ်၊ (ဘ)ဦးခွန်သာဖ၊ ပိုင်ဆိုင်သည့် RC ၃ ထပ်တိုက်ဘေးရှိ ဝန်ထမ်းများထားရှိရာ ၂၀×၂၀ ပေပတ်လည်ရှိ သွပ်မိုး/ထရံကာ ၂ ထပ် အဆောက်အဦးအတွင်း ပါဝါစတေရှင် အားသွင်းထားရာမှ အပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ မီးလောင်မှုကြောင်ံ့ အဆောက်အဦးမီးလောင်ဆုံးရှုံးခဲ့ပြီး မီးပေါ့ဆစွာသုံးစွဲသူ အလုပ်သမား ဝေဝေဖြိုး၊ ၂၅ နှစ်၊ (ဘ)ဦးသန်းဝင်းအား အမှုဖွင့်အရေးယူ ထားကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN