ယူကရိန်းသာ နေတိုးအဖွဲ့ဝင်ဖြစ်ခွင့်ရပါက စစ်ပွဲရပ်ပေးမည်ဟု ဇာလန်းစကီးပြော

(နိုင်ငံတကာ) ဒီဇင်ဘာ ၁

ယူကရိန်း သမ္မတ ဇလန်းစကီးက ယူကရိန်းအနေဖြင့် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (နေတိုး) အဖွဲ့ဝင် ဖြစ်ခွင့်ရရှိပါက ရုရှားနှင့်စစ်ပွဲကိုရပ်တန့်ပေးနိုင်ကြောင်း ပြောကြားခဲ့သည်ဟု အင်တာဖက်စ် ယူကရိန်း သတင်း ဌာနကဖော်ပြထားသည်။

သမ္မတ ဇာလန်းစကီး က ရုရှားနှင့်ဖြစ်ပွားနေသည့် စစ်ပွဲအခြေအနေများကို ထိန်းချုပ်ရန် ယူကရိန်းနယ်မြေများကို ယူကရိန်းအစိုးရရဲ့အချုပ်အခြာအာဏာနဲ့ နေတိုးအဖွဲ့ရဲ့အရိပ်အောက်မှာပဲထားရှိရန် လိုအပ်ပြီး အဆိုပါအခြေအနေကိုလက်ခံမည်ဆိုပါကလည်း လျင်မြန်စွာ အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းအနေဖြင့် ရုရှားထိန်းချုပ်မှုအောက်ရှိယူကရိန်းနယ်မြေများကို စစ်ပွဲရပ်တန့်ပြီးနောက် သံတမန် နည်းအရ ဖြည်းဖြည်းချင်း ပြန်ယူသွားမည်ဖြစ်သည်ဟုလည်း ဇလန်းစကီး ကဆိုခဲ့သည်။

အဆိုပါအစီအစဉ်ကို လက်ခံပြီး ချုပ်ဆိုမည့်အပစ်အခတ်ရပ်စဲရေးတွင် ရုရှားအနေဖြင့် ယူကရိန်းပိုင်နက် နယ်မြေများကို နောက်နောင် မည်သည့်အခါမှ လာမထိပါးစေရန်အာမခံရမည်ဟုလည်း ၎င်းကပြောကြားခဲ့သည်။

PAN