မြင်းခြံမြို့နယ်တွင် တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်ဌာနေအဖွဲ့ဝင်များ၏အခြေပြု စခန်းအား အကြမ်းဖက် PDF များက Drop Bomb ချတိုက်ခိုက်


(ပြည်တွင်း) ဒီဇင်ဘာ ၁

တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်ဌာနေအဖွဲ့ဝင်များ အခြေပြုလျက်ရှိသော မြင်းခြံမြို့နယ်၊ မြောက်ကျွန်းကျေးရွာအား နိုဝင်ဘာ ၂၉ ရက်နေ့ ည ၁၀ နာရီ အချိန်ခန့်တွင် အကြမ်းဖက် PDF များက Drone ဖြင့် Drop Bomb ၁ လုံးချတိုက်ခိုက်ခဲ့ပြီး အင်အား ၂၀၀ ခန့်မှ လက်နက်ငယ်များဖြင့် လာရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ စစ်ဌာနေအဖွဲ့ဝင်များက ပြန်လည်ခုခံ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အပြန်အလှန် တိုက်ပွဲဖြစ်ပွားရာသို့ မြင်းခြံမြို့နယ်၊ အနိမ့်ကျေးရွာတွင် အခြေပြုလျက်ရှိသော တပ်မတော်စစ်ကြောင်းမှ လက်နက်ကြီးဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့ပြီး တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်ဌာနေအဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့မှ စစ်ကူပေးသွားရောက်ရှင်းလင်းခဲ့ရာ ည ၁၂ နာရီအချိန်ခန့်တွင် အကြမ်းဖက် PDF များ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အပြန်အလှန် ထိတွေ့မှုဖြစ်စဥ်တွင် တပ်မတော် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်ဌာနေအဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် အကြမ်းဖက် PDF များဘက်မှ ထိခိုက်ဒဏ်ရာရရှိသွားသည့် သွေးကွက်များတွေ့ရကြောင်း၊ ဆုတ်ခွာထွက်ပြေးသွားသော အကြမ်းဖက် PDF များနောက်သို့ တပ်မတော်စစ်ကြောင်းနှင့်ပြည်သူ့ စစ်ဌာနေ အဖွဲ့များမှ လိုက်လံရှင်းလင်းလျက်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN