ဗြိတိန်က ယူကရိန်းသို့ လက်နက်များ ဆက်လက် ထောက်ပံ့နေ

(နိုင်ငံတကာ) ဒီဇင်ဘာ ၁

ယူကရိန်းသို့ ဗြိတိန်၏ တာဝေးပစ်ဒုံးကျည်များ ထောက်ပံ့ပေးနေသည့်မူဝါဒသည် နျူကလီးယား အင်အားကြီးများနှင့်ထိပ်တိုက် ရင်ဆိုင်ရမည့်အန္တရာယ် ရှိနေကြောင်း ဗြိတိန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ် အင်ဒရီ ကီလင် က ပြောကြားခဲ့သည်။

အင်ဒရီ ကီလင် က လွန်ခဲ့သော ရက်ပိုင်းက ဗြိတိန်နိုင်ငံမှ Strom Shadow ဒုံးကျည် များကို ယူကရိန်းသို့ ထပ်မံပို့ဆောင်ခဲ့သည်ဟု သတင်းရရှိခဲ့ကြောင်းနှင့် ရုရှားနိုင်ငံအတွင်းပိုင်းထိ အဆိုပါ ဒုံးကျည်များဖြင့် တိုက်ခိုက်ခွင့်ကို ခွင့်ပြုပေးထားသည်ဟု ယူကရိန်းက ပြောကြားထားပေမယ့် အမှန်တကယ်က ကတ်စ် ဒေသကို တိုက်ခိုက်ရန် ဖြစ်သည်ဟု Rossiya-24 ရုပ်သံလိုင်းနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

ဆက်လက်ပြီး အင်ဒရီ ကီလင်က ဗြိတိန်သည် ၎င်းတို့၏သတိပေးချက်အားလုံးကို လုံးဝလျစ်လျူရှုထားပြီး ယူကရိန်းအကျပ်အတည်းကို ပိုမိုဆိုးရွားလာစေရန်အတွက် အရှိန်မြှင့်လုပ်ဆောင်မှုများကို ရွေးချယ်‌နေခြင်း ဖြစ် ကြောင်း သတိပြုစေလိုသည့်အပြင် လက်ရှိအခြေအ‌နေအားဖြင့်၊ ၎င်းသည် ပိုမိုကြီးမားသော ဗျူဟာမြောက် အန္တရာယ်များနှင့် ပြည့်နှက်နေပြီး၊ အဆိုးဆုံးအခြေအနေတွင် ထိပ်တိုက်ရင်ဆိုင်မှုများပင် ဖြစ်လာနိုင်သည့် နျူကလီးယားအင်အားကြီးနိုင်ငံများကြားတွင်ရှိ‌နေပါသည်ဟု သတိပေးထားသည်။

ရုရှားသံတမန်၏အဆိုအရ မော်စကိုသည် ရုရှားနှင့်ဆန့်ကျင်သည့် လက်နက်ကိုင်ပဋိပက္ခများတွင် ဗြိတိန်၏ယူကရိန်းနှင့်အတူ ပါ၀င် ပတ်သက်မှုကို အတည်ပြုခြင်းကဲ့သို့သော ခြေလှမ်းများကို ထည့်သွင်းစဉ်းစား‌နေကြောင်း သိရသည်။

PAN