ငွေကြေးအသစ်တခုကို BRICS အဖွဲ့ဝင်နိုင်ငံတွေက ဖန်တီးခဲ့မယ်ဆိုရင် စည်းကြပ်ခွန် ၁၀၀ ရာခိုင်နှုန်းအထိ ကောက်ခံမယ်လို့ ဒေါ်နယ်ထရမ့်က သတိပေးပြောဆို


(နိုင်ငံတကာ) ဒီဇင်ဘာ ၁

ဒေါ်နယ်ထရမ့်ဟာ သူ့ရဲ့ အကြံပေး Kash Patel ကို FBI Directior အဖြစ် အမည်စာရင်းတင်သွင်းထားတယ်လို့ သိရပါတယ်။

ဒေါ်လာနေရာမှာ အစားထိုးဖို့အတွက် ငွေကြေးအသစ်တခုကို BRICS အဖွဲ့ဝင်နိုင်ငံတွေက ဖန်တီးခဲ့မယ်ဆိုရင် စည်းကြပ်ခွန် ၁၀၀ ရာခိုင်နှုန်းအထိ ကောက်ခံမယ်လို့ ဒေါ်နယ်ထရမ့်က သတိပေးပြောဆိုလိုက်ကြောင်း သိရပါတယ်။

နိုင်ငံတကာကုန်သွယ်ရေးမှာ BRICS အနေနဲ့ ဒေါ်လာကို အစားထိုးနိုင်မယ့် အခွင့်အလမ်းလုံး၀မရှိသလို ကြိုးစားမယ့်နိုင်ငံတိုင်းဟာ အမေရိကကို နှုတ်ဆက်ရလိမ့်မယ်လို့လည်း ပြောဆိုခဲ့ကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN