(ပြည်တွင်း) ဒီဇင်ဘာ ၁
ခေတ်အဆက်ဆက်က တိုင်းပြည်အတွက် အသက်စွန့်လွှတ်ခဲ့ကြသည့် သူရဲကောင်းစစ်သည်တွေကို ဂုဏ်ပြုပွဲအခမ်းအနားကို (၁၁)ကြိမ်မြောက် အဖြစ်ဒီနေ့ ဒီဇင်ဘာလ (၁)ရက်နေ့မနက်ပိုင်းက နေပြည်တော်မှာရှိတဲ့ သူရဲကောင်းဗိမာန်မှာ ကျင်းပပြုလုပ်ကျင်းပခဲ့ကြပါတယ်။
အဲ့ဒီဂုဏ်ပြုပွဲကို ရောင်နီးဦးပရဟိတအဖွဲ့နဲ့ ရွှေပြည်တော်တို့ဆုံမှတ်ပရဟိတအဖွဲ့က ဦးဆောင်ကျင်းပတာဖြစ်ပြီး တပ်မတော်အကြီးအကဲတစ်ချို့နဲ့ နိုင်ငံရေးပါတီတစ်ချို့ကအကြီးအကဲတွေ စစ်မှုထမ်းဟောင်းအဖွဲ့တွေ တက်ရောင်လာတာတွေ့ရသလို ထောင်ဂဏန်းရှိတဲ့ပုရိသတ်တစ်ချို့လာရောက်ဂါရဝပြုခဲ့ကြတာကိုလည်း တွေ့ရပါတယ်။
အခမ်းအနားကိုတော့ ဖဲကြိုးဖြတ်ဖွင့်လှစ်တာ နိုင်ငံတော်သီချင်းသီဆိုတာ နိုင်ငံတော်အလံအလေးပြုတာ ကျဆုံးစစ်သည်တွေအတွက် ၂ မိနစ်ငြိမ်သက်တာ၊ သစ္စာလေးချက်ရွတ်ဆိုတာ မိုးပျံပူဖောင်းတွေလွှတ်တင်တာ၊ ဂျိုးဖြူငှက်တွေလွှတ်တင်တာအပါအဝင် ဂုဏ်ပြုပန်းခြင်းချအလေးပြုတာတွေကိုလည်း လုပ်ခဲ့ကြတာဖြစ်ပါတယ်။