(ပြည်တွင်း) နိုဝင်ဘာ ၃၀
ကယားပြည်နယ်၊ လွိုင်လင်လေးမြို့နယ်၊ ထီးစဲခါးကျေးရွာရှိ ထီးစဲခါးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပညာဝံသ အမှူးပြုသော သံဃာတော် ၅ ပါးသည် ယနေ့နံနက် ၈ နာရီ ခန့်တွင် ကျောင်းတိုက်၌ စေတီတော်အသစ်တည်ထားကိုးကွယ်ရန် လိုအပ်သည့် ပစ္စည်း များ ဝယ်ယူရန်အတွက် မန္တလေးမြို့သို့ မော်တော်ယာဉ်ဖြင့် ထွက်ခွာလာစဉ် နံနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင် လွိုင်ကော်-ဆီဆိုင်သွားကားလမ်း၊ အောင်ကလပ်ကျေးရွာအနီးသို့ အရောက်၌ KNDF နှင့် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ် များဖြင့် ပစ်ခတ်ခဲ့သဖြင့် သံဃာတော်များဖြစ်ကြသည့် ဥူးပီညောဘာသ၊ ဥူးစန္ဒိမာနှင့် ဥူးပဏ္ဍိတ တို့တွင် လက်နက်ငယ်ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ပြီး ဥူးစန္ဒိမာ သည် ရရှိခဲ့သည့် ဒဏ်ရာများဖြင့် ပျံလွန်တော်မူခဲ့ကြောင်း သိရှိရသည်။
ထိုသို့ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်နှင့်တစ်ပြိုင်နက် နယ်မြေခံလုံခြုံ ရေးတပ်ဖွဲ့ဝင်များက အဆိုပါနေရာသို့ အမြန်ဆုံးသွားရောက်ပူးပေါင်းခဲ့ရာ အကြမ်းဖက် သမားများသည် ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ၎င်းတို့၏ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့ ရသည့် ဆရာတော် ဥူးစန္ဒိမာ၏ ရုပ်ကလာပ်တော်အား လွိုင်ကော်မြို့ရှိ နယ်မြေခံ တပ်မတော်ဆေးရုံသို့ ပင့်ဆောင်ခဲ့ကြကြောင်း သိရသည်။
ဆရာတော်၏ ရုပ်ကလာပ်တော်အား ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက် ဖူးမြော်ခဲ့ကြပြီး အန္တိမဈာပနပူဇာ ပြုလုပ်ရန်အတွက် တာဝန်ရှိသူများထံ အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းလည်း သိရသည်။
ထို့အပြင် လက်နက်ငယ်ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြသည့် သံဃာတော် ၂ ပါးကို လည်း တောင်ကြီးမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ ပင့်ဆောင်၍ လိုအပ်သည့်ဆေး ဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိပြီး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ် နှင့် တာဝန်ရှိသူများက သွားရောက်ဖူးမြော်၍ နဝကမ္မဝတ္ထုငွေ၊ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့အပေါ် လိုလားထောက်ခံခြင်းမရှိသော အပြစ်မဲ့ပြည်သူများကိုသာမက ကိုးကွယ်ယုံကြည်ရာဖြစ်သော ရဟန်းသံဃာများကိုပင် အကြောင်းအမျိုးမျိုးပြစွပ်စွဲ၍ သတ်ဖြတ်ခြင်းများကို ကျူးလွန်လျက်ရှိသည်။ ယခုကဲ့သို့ အများပြည်သူသွားလာအသုံးပြုလျက်ရှိသည့် လမ်းကြောင်းများပေါ်၌ အကြမ်းဖက်လုပ် ရပ်များလုပ်ဆောင်ခြင်းများကို ကာကွယ်တားဆီးနိုင်ရေးအတွက် ဒေသခံပြည်သူများ အနေဖြင့်လည်း အကြမ်းဖက်သမားများ၏ လှုပ်ရှားသွားလာမှုများ နှင့် မသင်္ကာဖွယ်လှုပ် ရှားမှုများ တွေ့ရှိရပါက သက်ဆိုင်ရာသို့ သတင်းပေးပို့ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း အသိပေးထုတ်ပြန်ထားကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews