(နိုင်ငံတကာ) နိုဝင်ဘာ ၃၀
အစ္စရေးနှင့် ရှီယိုက်မူစလင်အုပ်စု ဟစ်ဇ်ဘိုလာအကြား လက်ဘနွန်၌ အပစ်အခတ်ရပ်စဲရေး အသက် ဝင်ချိန်တွင် နိုဝင်ဘာလ ၂၈ ရက် က ဂါဇာကမ်းမြောင်ဒေသသို့ တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။
အစ္စရေးတပ်မတော်က ဂါဇာမြောက်ပိုင်း၌ မြေပြင်စစ်ဆင်ရေးများကို ဆက်လက်ပြုလုပ်လျက် ရှိကြောင်းနှင့် ပါလက်စတိုင်းအုပ်စု ဟားမားစ်အပေါ် တိုက်ခိုက်မှုများ အရှိန်မြှင့်တင်လျက်ရှိကြောင်း နိုဝင်ဘာလ ၂၈ ရက်တွင် ပြောကြားသည်။
ဂါဇာကမ်းမြောင်ဒေသ အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများသို့ အစ္စရေးက ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူ ၂၅ ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်းပါလက်စတိုင်းမီဒီယာများက ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့်နှစ် အောက်တို ဘာလတွင် အစ္စရေးနှင့် ဟားမားစ် ပဋိပက္ခဖြစ်ပွားချိန်မှစ၍ ပါလက်စတိုင်းသေဆုံးသူပေါင်း ၄၄,၃၃၀ အထိ တိုးလာကြောင်း ဂါဇာကျန်းမာရေး အာဏာပိုင်များက ပြောကြားသည်။
ထို့ပြင် လက်ဘနွန်၌ အစ္စရေးတပ်မတော်နှင့် ဟစ်ဇ်ဘိုလာတို့အကြား အပစ်အခတ်ရပ်စဲရေးမှာ နိုဝင် ဘာလ ၂၇ ရက်က အသက်ဝင်ခဲ့သည်။ သို့သော်လည်း အစ္စရေးက ဟစ်ဇ်ဘိုလာတိုက်ခိုက်ရေးသမားများ၏ လှုပ်ရှားသွားလာမှုများကို တွေ့ရှိသည့် လက်ဘနွန်တောင်ပိုင်းသို့ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု နိုဝင်ဘာလ ၂၈ ရက်က ကြေညာခဲ့သည်။
အစ္စရေးတပ်မတော်က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်မှုမှန်သမျှနှိမ်နင်းရန် ၎င်းတပ်ဖွဲ့ဝင်များ ယင်းနေရာ၌ ဆက်လက်ရှိနေမည်ဖြစ်ကြောင်း ပြောကြားသည်။ အစ္စရေးက သဘောတူညီချက်များကို အကြိမ်ကြိမ်ချိုးဖောက်ခဲ့ကြောင်း လက်ဘနွန်တပ်မတော်က တုံ့ပြန်ပြောဆိုထားသည်။
Telegram»…
https://t.me/positiveanglenews