ရုရှားနိုင်ငံသို့ မြန်မာအလုပ်သမားများ ခေါ်ယူရန်စီစဉ်


(ပြည်တွင်း) နိုဝင်ဘာ ၃၀

မြန်မာနှင့်ရုရှား နှစ်နိုင်ငံသဘောတူစာချုပ်(MOU)အရ ရုရှားနိုင်ငံက မြန်မာနိုင်ငံမှ အလုပ်သမားများကို ခေါ်ယူရန် စီစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံပြည်ပအလုပ်အကိုင် အေဂျင်စီများထံမှ သိရပါတယ်။

ရုရှားနိုင်ငံမှ လုပ်သားများခေါ်ယူရာတွင် အဓိကအားဖြင့် ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများအတွက် ခေါ်ယူမှာဖြစ်ပြီး အဆိုပါစနစ်တွင် အစိုးရချင်း အခမဲ့စနစ်(Zero-Cost)ဖြစ်လို့ မြန်မာနိုင်ငံမှ သွားရောက်အလုပ်လုပ်ကိုင်မည့်သူများအနေဖြင့် အခြေခံကုန်ကျစရိတ် အနည်းငယ်သာကုန်ကျမည်ဖြစ်ကြောင်း MOEAF တာဝန်ရှိသူတစ်ဦး ပြောဆိုမှုအရ သိရပါတယ်။

လက်ရှိတွင် ရုရှားအစိုးရဘက်မှ လုပ်သားသစ်များစုဆောင်းခြင်းအတွက် ဘာသာစကားသင်တန်းများစတင် နေကာ မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ MOU စနစ်ဖြင့် လုပ်သား စေလွှတ်မှုများတွင် ထိုင်း၊ ဂျပန်နှင့်ကိုရီးယားနိုင်ငံ တို့အပြင် ရုရှားနိုင်ငံလည်း ပါဝင်လာပြီဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN