ရုရှားကာကွယ်ရေးဝန်ကြီး အန်ဒရီဘယ်လိုဆော့ဗ် မြောက်ကိုရီးယားနိုင်ငံသို့ရောက်ရှိ


(နိုင်ငံတကာ) နိုဝင်ဘာ ၃၀

ရုရှားကာကွယ်ရေးဝန်ကြီး အန်ဒရီဘယ်လိုဆော့ဗ် သည် တရားဝင်ခရီးစဉ်အဖြစ် မြောက်ကိုရီးယားနိုင်ငံ၊ ပြုံယမ်းမြို့သို့ နိုဝင်ဘာလ ၂၉ ရက်တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။

ရုရှားကာကွယ်ရေးဝန်ကြီး အန်ဒရီဘယ်လိုဆော့ဗ် ကို မြောက်ကိုရီးယားကာကွယ်ရေးဝန်ကြီး နိုဝန်ချိုလ် က ပြုံယမ်းမြို့ နိုင်ငံတကာလေဆိပ်၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုနှုတ်ဆက်ခဲ့သည်။

မြောက်ကိုရီးယား ခရီးစဉ် အတွင်း ရုရှားကာကွယ်ရေးဝန်ကြီး ဘယ်လိုဆော့ဗ် သည် မြောက်ကိုရီးယား စစ်ရေး၊ နိုင်ငံရေးခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသည်။

ရုရှားနှင့် မြောက်ကိုရီးယားနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ အားကောင်း လာမှုကို ရုရှားကာကွယ်ရေးဝန်ကြီးက မြောက်ကိုရီးယားခရီးစဉ် အတွင်း ချီးကျူးဂုဏ်ပြုခဲ့သည်။

ရုရှားနှင့် မြောက်ကိုရီးယား နှစ်နိုင်ငံဆက်ဆံရေးသည် ယူကရိန်းစစ်ပွဲ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ယခင်ကထက်ပို၍ ခိုင်မာ လာခဲ့သည်။

ဒါ့အပြင် ရုရှားနှင့် မြောက်ကိုရီးယား နိုင်ငံတို့သည် နှစ်နိုင်ငံအကြား စစ်ရေးအကူအညီ အပြန်အလှန် ပေးအပ်မှုဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကိုလည်း ယခုနှစ်အတွင်း ရယူနိုင်ခဲ့ကြောင်းသိရသည်။

Telegram»…
https://t.me/positiveanglenews

PAN