(နိုင်ငံတကာ) နိုဝင်ဘာ ၂၉
အိန္ဒိယနိုင်ငံရှိ လေကြောင်းလိုင်းများသည် ဗုံးခြိမ်းခြောက်မှု အကြိမ်ရေ ၁၀၀၀ နီးပါးရှိခဲ့ကြောင်း အရပ်ဘက်လေကြောင်းလိုင်း လက်ထောက်ဝန်ကြီးကဆိုသည်။
အဆိုပါ ခြိမ်းခြောက်မှုများသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၁၀ ဆနီးပါး ပိုမိုမြင့်တက်ခဲ့ကြောင်း ၎င်းကဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာလ နောက်ဆုံးပတ်တွင်ဖြစ်ပေါ်ခဲ့သည့် ခြိမ်းခြောက်မှု ၅၀၀ ကျော်ကြောင့် ယခုလို မြင့်တက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ လိမ်လည်ခြိမ်းခြောက်မှုများကြောင့် လေကြောင်းလိုင်းခရီးစဉ်များစွာ နှောင့်နှေးခဲ့ရကြောင်းသိရသည်။
လိမ်လည်တိုင်ကြားခြင်းများသာဖြစ်ပြီး အမှန်တကယ် ဗုံးအန္တရာယ်ကြုံတွေ့ခဲ့ရကြောင်းသိရပြီး ရဲတပ်ဖွဲ့မှ တိုင်ကြားစာ ၂၅၆ စောင်ကို လက်ခံရရှိကာ သံသယရှိသူ ၁၂ ဦးကိုလည်းဖမ်းဆီးထားကြောင်းသိရသည်။
2014 မှ 2017 ခုနှစ်အတွင်း လေဆိပ်များတွင် ဗုံးဖောက်ခွဲမှု သတိပေးချက် 120 ကြိမ်သာ အာဏာပိုင်များက မှတ်တမ်းတင်ခဲ့ပြီး ထက်ဝက်နီးပါးသည် နိုင်ငံ၏ အကြီးဆုံးလေဆိပ်များဖြစ်သည့် ဒေလီနှင့် မွမ်ဘိုင်းတို့ဖြစ်ကြောင်းသိရသည်။
နိုင်ငံတကာလေယာဉ်များအား ဦးတည်ခြိမ်းခြောက်ခြင်းများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် နိုင်ငံတကာမှ အေဂျင်စီများလည်း စိုးရိမ်မှုမြင့်တက်ခဲ့ပြီး အောက်တိုဘာလတွင် စင်ကာပူလေတပ်သည် Air India Express လေယာဉ်ကို စောင့်ကြပ်ရန် တိုက်လေယာဉ်နှစ်စင်း စေလွှတ်ခဲ့သည်အထိ ဖြစ်ပေါ်ခဲ့သည်။
ထို့အပြင် နယူးဒေလီမှ အမေရိကန်နိုင်ငံ ချီကာဂိုသို့ ပျံသန်းခဲ့သည့် Air India လေယာဉ်သည်လည်း ခြိမ်းခြောက်မှုခံခဲ့ရပြီး ကနေဒါနိုင်ငံအတွင်းရှိ ဝေးလံခေါင်သီသော လေဆိပ်တစ်ခုတွင် အရေးပေါ်ဆင်းသတ်ခဲ့ရကြောင်းသိရသည်။
Telegram»…
https://t.me/positiveanglenews