အဆုတ်ရောဂါများ အကြောင်း

(ကျန်းမာရေး)နိုဝင်ဘာ  ၃၀

      PAN ပရိတ်သတ်များအတွက် ကျန်းမာရေး ဗဟုသု တရစေဖို့ ဒီနေ့ ကျန်းမာရေးကဏ္ဍကနေ အဆုတ်ရောဂါများအကြောင်းကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

      အဆုတ်ရောဂါသည် ကမ္ဘာပေါ်တွင် အဖြစ်အများဆုံးသော ရောဂါများထဲမှ တစ်ခုဖြစ်သည်။ အဆုတ် ရောဂါသည် အသက်ရှုခြင်းကို လုပ် ဆောင်သော အင်္ဂါဖြစ်သည့် အဆုတ်ကို ထိခိုက်စေသော ရောဂါများကို ဆိုလိုသည်။ အဆုတ်ရောဂါကြောင့် ဖြစ်သော အသက် ရှူခက်ခဲခြင်းပြသနာများသည် ခန္ဓါကိုယ်ကို အောက်ဆီဂျင်လုံလောက်စွာမရခြင်းကို ဖြစ်စေသည်။ အဆုတ်ရောဂါများတွင် အောက်ပါတို့ပါဝင်သည် –

• ရင်ကြပ်ရောဂါ၊ နာတာရှည် လေပြွန်ရောင်ခြင်း၊ အဆုတ်ထဲရှိ လေအိတ်ငယ်လေးများ ပျက်စီးခြင်း၊
• တုပ်ကွေး နှင့် နမိုးနီးယားကဲ့သို့သောရောဂါပိုးဝင်ခြင်း
• အဆုတ်ကင်ဆာ
• Sarcoidosis and pulmonary fibrosis

      အဆုတ်သည် အောက်ဆီဂျင်နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ရှူသွင်းရှူထုတ်နိုင်ရန် တစ်နေ့လျင် အကြိမ်များစွာ ဆန့်လိုက်၊ လျော့လိုက်လုပ်ရသည့် အစိတ်အပိုင်းများစွာ ပါဝင်သော အင်္ဂါတစ်ခုဖြစ်သည်။

Lung Disease (အဆုတ်ရောဂါ)ရဲ့လက္ခဏာများ

       ရောဂါလက္ခဏာများသည် ဖြစ်နေသော အဆုတ်ရောဂါပေါ်မူတည်ပြီး ကွဲပြားနိုင်သည်။ အဖြစ်များသော လက္ခဏာများမှာ –
• အသက်ရှူရခက်ခြင်း ။
• အသက်ရှူချိန်တိုခြင်း ။
• လေမဝသကဲ့သို့ ခံစားရခြင်း ။
• လေ့ကျင့်ခန်းမလုပ်နိုင်ခြင်း ။
• ချောင်းဆိုးမပျောက်ပဲ ကြာနေခြင်း ။
• ချောင်းဆိုးသည့်အခါ သွေးနှင့်အချွဲများ ပါခြင်း ။
• အသက်ရှူသွင်း၊ ရှူထုတ်သည့်အခါ နာကျင်ခြင်း၊ မသက်မသာဖြစ်ခြင်း ။

     ရင်ကြပ်ရောဂါ၏ လက္ခဏာများမှာ ချောင်းဆိုး ခြင်း၊အသက်ရှူသည့်အခါ တရွှီရွှီမြည်ခြင်း၊ ရင်ဘတ်ထဲတွင် တင်းကြပ်ခြင်း၊ အသက်ရှူရခက်ခြင်း တို့ဖြစ်သည်။

နာတာရှည် လေလမ်းကြောင်းပိတ်သော အဆုတ်ရောဂါ၏ လက္ခဏာများမှာ –
• ချောင်းဆက်တိုက်ဆိုးပြီး အချွဲများစွာ ပါခြင်း ။
• လေ့ကျင့်ခန်းလုပ်သည့်အချိန်တွင် အထူး သဖြင့် အသက်ရှူရခက်ခြင်း ။
• အသက်ရှူသည့်အခါ တရွှီရွှီမြည်ခြင်း ။
• ရင်ဘတ်ထဲတွင် တင်းကြပ်ခြင်း ။

      အဆုတ်ကင်ဆာ၏ ရောဂါလက္ခဏာများမှာ –
• ချောင်းဆိုးခြင်းသည် သက်သာမသွားပဲ ပိုဆိုးလာခြင်း ။
• အသက်ရှူရခက်ခဲခြင်း ။
• ချောင်းဆိုးသည့်အခါ သွေးပါခြင်း ။
• ရင်ဘတ်အောင့်ခြင်း ။
• အသက်ရှူသည့်အခါ အသံမြည်ခြင်း ။
• နမိုးနီးယားရောဂါသည် သက်သာမသွားပဲ ပိုဆိုးလာခြင်း ။
• အစားစာချင်စိတ်ပျက်ခြင်း၊ အကြောင်းရင်းမရှိပဲ ကိုယ်အလေးချိန်ကျဆင်းခြင်း။

      အထက်တွင် ဖော်ပြမထားသော လက္ခဏာများလည်း ရှိနိုင်သည်။ သင့်တွင် စိတ်ပူပန်နေ သည်များရှိပါက ဆရာဝန်နှင့် တိုင်ပင်ပါ။

Lung Disease (အဆုတ်ရောဂါ)ကို ဖြစ်စေသည့် အကြောင်းရင်းများ

      လူအချို့တွင် အဘယ်ကြောင့် ရင်ကြပ်ရောဂါဖြစ်ရသည်ကို သေချာစွာ မသိကြရပေ။ သို့သော် ၎င်းသည် ပတ်ဝန်ကျင်မှ အကြောင်းအချက်များနှင့် မျိုးရိုးဗီဇဆိုင်ရာ အချက်များ ပေါင်း၍ဖြစ်ပေါ်ခြင်း ဖြစ်နိုင်သည်။ အဆုတ်ကို ထိခိုက်စေနိုင်သော အရာများကို ထိတွေ့သည့်အခါ ရင်ကြပ်ရောဂါကို ပိုဆိုးစေနိုင် သည်။ ရင်ကြပ်ရောဂါကို ပိုဆိုးစေသော အကြောင်း ရင်းများတွင် လူတစ်ဦးနှင့် တစ်ဦးမတူညီကြပါ။ ၎င်းတို့တွင် အောက်ပါတို့ ပါဝင်နိုင်သည် –

လေထဲမှ ပြန့်နှံ့ပါလာသော ပန်းဝတ်မှုန်များ၊ ဖုန်များ၊ အမှိုက်စများ၊ ပိုးမွှားများ၊ မှိုများ၊ နှင့် အခြားသော အညစ်အကြေးများ ။
• အဆုတ်အအေးမိခြင်းကဲ့သို့သော ရောဂါပိုးများ ။
• လေ့ကျင့်ခန်းလုပ်ခြင်း ။
• လေအေးတိုက်ခြင်း ။
• မီးခိုးကဲ့သို့သော လေထဲမှ အညစ်အကြေးများ
• အချို့သော ဆေးဝါးများ (beta blockers, aspirin, ibuprofen နှင့် naproxen) စသော ဆေးဝါးများ ။
• စိတ်ဖိစီးမှုများခြင်း၊ စိတ်ခံစားမှုပြင်းထန်ခြင်း ။
• အစားအစာများတွင် ထည့်သွင်းထားသော တာရှည်ခံဆေးများ၊ ဥပမာ ပုစွန်ခြောက်၊ သစ်သီးခြောက်၊ အားလူးကြော်၊ ဘီယာနှင့် ဝိုင် ။
• အစာအိမ်ထဲမှ အက်ဆစ်ဓါတ်များ လည်ချောင်းထဲသို့ ပြန်တက်သော ရောဂါ Gastrooesophageal reflux disease (GERD)

နာတာရှည် အသက်ရှူလမ်းကြောင်းပိတ်သည့် ရောဂါကို ဖြစ်စေသည့် အကြောင်းရင်းများ

     အောက်ပါ အကြောင်းအရက်းများကြောင့် ဖြစ် သည် –

• ဆေးလိပ်သောက်ခြင်းနှင့် အခြားသော ထိ ခိုက်စေသော အရာများ။ ။ အဆုတ်ကို ထိ ခိုက်စေပြီး နာတာရှည် အသက်ရှူလမ်း ကြောင်းပိတ်သည့် ရောဂါကို ဖြစ်စေသော အကြောင်းရင်းမှာ ဆေးလိပ်ကို နှစ်ပေါင်းများစွာသောက်ခြင်းကြောင့် ဖြစ်သည်။ သို့သော် အခြားသော မျိုးရိုးဗီဇကဲ့သို့သော အကြောင်းရင်းများလည်း ရှိပါသေးသည်။ အခြားသော အဆုတ်ကို ထိခိုက်စေနိုင်သော အရာများမှာ ဆေးရွက်ကြီးသောက်ခြင်း၊ ဆေးလိပ်ငွေ့ကို တပါးသူထံမှ ရှူရှိုက်ရခြင်း၊ ပြောင်းနှင့် ဆေးရှူခြင်း၊ လေထုညစ်ညမ်းခြင်း၊ နှင့် အလုပ်မှရသော ဖုန်၊ မီးခိုးငွေ့နှင့် အခြားသော ဓါတ်ငွေ့များ ပါဝင်သည်။

• Alpha 1 antitrypsin မရှိခြင်း ။ အသက်ရှူလမ်းကြောင်းပိတ်သော လူများထဲမှ တစ်ရာခိုင်နှုန်းသည် မျိုးရိုးလိုက်သော ရောဂါဖြစ်သော အဆုတ်ကို ကာကွယ်သည့် alpha 1 antitrypsin ပရိုတင်းချို့တဲ့ကြသည်။ အဆုတ်ကို ထိခိုက်ခြင်းသည် ဆေးလိပ်သောက်သော လူကြီးများတွင် သာမကပဲ မွေးကင်းစကလေးများနှင့် ကလေးကြီးများတွင်လည်း ဖြစ်နိုင်သည်။ Alpha 1 antitrypsin ချို့တဲ့သော ရောဂါရှိသော လူများတွင် ကုသမှုသည် အခြားသောလူများနှင့် တူတူပင်ဖြစ်သ်ည။ ထို့အပြင် ချို့တဲ့နေသော ပရိုတင်းကို အစားထိုးပေးခြင်းဖြင့်လည်း ကုသနိုင်သည်။

အဆုတ်ကင်ဆာ ဖြစ်ရသော အကြောင်းရင်းများ

      ဆေးလိပ်သောက်ခြင်းသည် အဆုတ်ကင်ဆာဖြစ်ရသော အဓိက အကြောင်းရင်းဖြစ်သည်။ ဆေးလိပ်သောက်သောသူနှင့် ကိုယ်တိုင်မသောက်သော်လည်း တခြားသူထံမှ ဆေးလိပ်ငွေ့ကို ရှူရသောသူ နှစ်မျိုးလုံးဖြစ်နိုင်သည်။ သို့သော် အဆုတ်ကင်ဆာသည် ဆေး လိပ်လုံးဝမသောက်သော သူများနှင့် ဆေးလိပ်ငွေ့ကို လုံးဝမရှူဖူးသောလူများတွင်လည်း ဖြစ်နိုင်သည်။ အချို့သောလူနာများတွင် အကြောင်းရင်းကို သေချာစွာ မသိရပေ။

Lung Disease (အဆုတ်ရောဂါ) မြင့်တက်စေသည့် ဖြစ်နိုင်ခြေများ

      ရင်ကြပ်ရောဂါကို ပိုမိုဖြစ်ပွားနိုင်စေသော အကြောင်းရင်းများတွင် အောက်ပါတို့ပါဝင်သည် –

• သွေးသားတော်စပ်သော သူများတွင် ရင်ကြပ်ရောဂါရှိခြင်း ။
• အခြားသော ဓါတ်မတည့်သည့် အခြေအနေများရှိခြင်း၊ ဥပမာ atopic dermatitis or allergic rhinitis (hay fever)
• ကိုယ်အလေးချိန်များခြင်း ။
• ဆေးလိပ်သောက်ခြင်း ။
• သူတပါးထံမှ ဆေးလိပ်ငွေ့ကို ရှူရှိုက်ရခြင်း ။
• အခြားသော ဓါတ်ငွေ့များနှင့် လေထုညစ်ညမ်းမှုများ ရှိခြင်း ။
• အလုပ်မှ ဓါတုဓါတ်ငွေ့များ၊ ပိုးသတ်ဆေးများ၊ ဆံပင်ဖြန်းဆေးများ၊ နှင့် ထုတ်ကုန်များမှ အငွေ့များ ရှူရှိုက်ရခြင်း။

နာတာရှည် အသက်ရှူလမ်းကြောင်းပိတ်သော ရောဂါ၏ ဖြစ်ပွားနိုင်ချေများစေသော အကြောင်းရင်းများ

      အောက်ပါအကြောင်းရင်းများကြောင့် ဖြစ်ပွားနိုင်ချေများပါသည် –
• ဆေးလိပ်ငွေ့ကို ရှူရှိုက်ရခြင်း။ ။ အဖြစ်အများဆုံး အကြောင်းရင်းဖြစ်သည်။ ဆေး လိပ်သောက်သည့် အချိန်ကြာလာလေလေ၊ ဖြစ်နိုင်ချေ များလေလေဖြစ်သည်။ မည်သည့်နည်းဖြင့် သောက်ခြင်းဖြစ်စေ ဆေးလိပ်ငွေ့သည် ဖြစ်နိုင်ချေကို များစေသည်။

• ဆေးလိပ်သောက်ပြီး ရင်ကြပ်ရောဂါရှိသူ။ ။ ရင်ကြပ်ရောဂါ ရှိခြင်း၊ အသက်ရှူလမ်းကြောင်းရောင်ရမ်းခြင်းနှင့် ဆေးလိပ်သောက်ခြင်းများ စုပေါင်းလျင် အသက်ရှူလမ်းကြောင်းပိတ်သည့် ရောဂါကို ပို၍ဖြစ်နိုင်ချေများစေသည်။

• အလုပ်မှ ဖုန်နှင့် ဓါတုပစ္စည်းများနှင့် ထိတွေ့ရခြင်း။

• အသက်အရွယ် ။ နာတာရှည် အသက်ရှူလမ်း ကြောင်းပိတ်သည့်ရောဂါသည် တဖြည်းဖြည်းနှင့် ဖြစ်ပွားသည်။ အချို့သော လူများတွင် ရောဂါလက္ခဏာစတင်ပြချိန်သည် အသက် ၄၀ ခန့်လောက်တွင်ဖြစ်သည်။

• မျိုးရိုးဗီဇ ။ မျိုးရိုးဗီဇကြောင့် ဖြစ်သော အဆုတ်ကို ကာကွယ်သည့် ပရိုတင်းတစ်မျိုးဖြစ်သော Alpha 1 antitrypsin ချို့တဲ့ခြင်းသည် လည်း အဆုတ်ရောဂါ၏ ဖြစ်ပွားစေသော အကြောင်းရင်းတစ်မျိုးဖြစ်သည်။ အခြားသော မျိုးရိုးလိုက်သော ရောဂါများလည်း ရှိသေးသည်။

အဆုတ်ကင်ဆာကို ဖြစ်စေသော အကြောင်းရင်းများ

     အောက်ပါအတိုင်းဖြစ်သည် –

• ဆေးလိပ်သောက်ခြင်း ။
• အခြားသူထံမှ ဆေးလိပ်ငွေ့ကို ရှူရှိုက်ရခြင်း ။
• Radon ဓါတ်ငွေ့ရှူရှိုက်မိခြင်း၊ Radon ဓါတ်ငွေ့သည် မြေကြီး၊ ကျောက်ဆောင်နှင့် ရေထဲမှ ယူရေနီယမ်များပြိုကွဲသည့် အခါ၊ ထွက်လာပြီး သင်အသက်ရှူသည့်အခါ ပါသွားတတ်သည်။ Radon ကို စစ်ဆေးသော ကိရိယာကို အိမ်ဆောက်ပစ္စည်းဆိုင်များတွင် ဝယ်ရနိုင်သည်။ တိုင်းတာကြည့်ပြီး ပမာဏများနေလျင် ကုသမှု ပြုလုပ်နိုင်သည်။

• ကင်ဆာကို ဖြစ်စေသော ဓါတ်များနှင့် ထိတွေ့ခြင်း (asbestos and other carcinogens, arsenic, chromium and nickel) ။

• အဆုတ်ကင်ဆာ မျိုရိုးရှိခြင်း။

ရင်ကြပ်ရောဂါကို ကုသခြင်း 

ရင်ကြပ်ရောဂါသည်နာတာရှည်ရောဂါဖြစ်ပြီး၊ ဆေးသောက်ခြင်းဖြင့် သက်သာနိုင်သော် လည်း ကုသပျောက်ကင်းရန် မဖြစ်နိုင်ပေ။ ရောဂါလက္ခဏာသက်သာစေရန် ဆရာဝန်ညွှန်ကြားသည့်အတိုင်းလိုက်နာပြီး ပြုလုပ်နိုင်သည်။ သက်သာစေသောဆေးများသုံးပြီး၊ ရင်ကြပ်ရောကို ပိုဆိုးစေမည့် အရာများကို မပြုလုပ်သင့်ပါ။ ရင်ကြပ်ရောဂါအတွက် အောက်ပါတို့ကို လုပ်ဆောင်နိုင်သည် –

• သင်သောက်သည့် ဆေးကို သိထားသင့်သည်။
• ဆေးကို မည်သည့်အချိန်သောက်မည်ကို သိထားသင့်သည်။ ရင်ကြပ်ရောဂါသည် မည်သည့် အချိန်တင် သတိထားစောင့်ကြည့်ရမည်ကိုလည်းသိထားသင့်သည်။
• ပိုဆိုးစေမည့် အချက်များကိုရှောင်ကြဉ်ရမည်။
• ဆရာဝန်ကို မည်သည့်အချိန်တွင်ခေါ်ရမည်၊မည်သည့် အချိန်တွင် အရေးပေါ်အခန်းသို့သွားသင့်သည်။ ဆိုသည်များကို သိရှိထားရမည်။
• ရင်ကြပ်ရောဂါ၏ဆေးများသည် အသက်ရှူလမ်းကြောင်းများကိုဖွင့်ပေးခြင်းဖြင့် ရင်ကြပ်ရောဂါကိုပျောက်အောင် လုပ်သည်။

      ရေတာရှည်ဖြစ်သောလူနာများတွင်ဆေးကို နေ့စဉ်သောက်ရသည်။ ၎င်းသည် ရောဂါလက္ခဏာများဖြစ်ပေါ်မှုကိုလည်းတားသည်။ လက္ခဏာများသည် ဖြစ်လျှင် ရုတ်တရက်မြန်ဆန်စွာမသက်သာနိုင်ပေး။ အသုံးပြုသောဆေးများတွင် အောက်ပါတို့ ပါဝင်သည် –

• Corticosteroid ရှူဆေးသည် နာတာရှည် လူနာများအတွက်ဖြစ်သည်။ လေလမ်းကြောင်းရောင်ရမ်းမှုကို သက်သာစေသည်။
• Long acting beta 2agonists သည်လည်း corticosteroid နှင့်တွဲပြီးပေးသောရှူဆေးဖြစ်သည်။
• Leukotriene modifiers သည် အသက်ရှူလမ်းကြောင်းတွင် ရောင်ရမ်းမှုကို သက်သာစေသော သောက်ဆေးဖြစ်သည်။
• Cromolyn and nedocromil သည် ရင်ကြပ်ရောဂါကို ပိုဆိုးစေသော အရာများကို တုံ့ပြန်မှုကို လှံု့ဆော်သည်။-Theophylline သည် အသက်ရှူလမ်းကြောင်းကို ပွင့်စေသော ဆေးတစ်မျိုးဖြစ်သည်။

နာတာရှည် အသက်ရှူလမ်းကြောင်းပိတ်သည့်ရောဂါကို ကုသခြင်း

       အဆုတ်ကိုပျက်စီးစေပြီးလျှင် ပြန်ပြင်၍မရနိုင်ပေ။ အန္တရာယ်ဖြစ်စေသော အကြောင်း အချက်များကို ရှောင်ခြင်းအားဖြင့် ရောဂါတိုးတက်မှုကို နှေးကွေးစေနိုင်သည်။ ဆေးလိပ်သောက်သူများအနေဖြင့် ဆေးလိပ်ဖြတ်ခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်သည်။

       ဆေးလိပ်ငွေ့၊ ဖုန်ငွေ့၊ မီးခိုးငွေ့ နှင့် အခြားသော အိမ်နှင့် အလုပ်တွင် ထိတွေ့စေနိုင်သော မတည့်သည့် အနံ့များကို ရှောင်ပါ။ အပြင်ဘက်တွင် တွေ့ကြုံနိုင်သော လေထုညစ်ညမ်းခြင်းများကိုလည်း ရှောင်ပါ။ ဆေးကုသခြင်းဖြင့် လက္ခဏာများကို သက်သာစေနိုင်သည်။ အသုံးများသော ဆေးဝါးများမှာ –

• အသက်ရှူလမ်းကြောင်းကို ပွင့်စေသော ဆေးများ
• -အဆုတ်ရောင်ရမ်းခြင်းကို သက်သာစေသော ရှူဆေးများ
• အဆုတ်တွင် ရောဂါပိုးဝင်ခြင်းကို သက်သာစေရန်သုံးသော ပိုးသတ်ဆေးများ

     နာတာရှည် အသက်ရှူလမ်းကြောင်းပိတ်သည့် လူနာများကို အောက်ပါဆေးများပေးနိုင်သည်။

• တုပ်ကွေးရောဂါ ကာကွယ်ဆေး
• နမိုးနီးယားကာကွယ်ဆေး
• အဆုတ်ပြန်လည်ကျန်းမာလာစေသော ကုသနည်းများ။ ။ နာတာရှည် အသက်ရှူလမ်းကြောင်းပိတ်သည့် ရောဂါရှိသူများသည် ကိုယ်ကာယအပြင် စိတ်ပိုင်းဆိုင်ရာလည်း ကုသရန်လိုအပ်သည်။ လေ့ကျင့်ခန်းလုပ်ခြင်း၊ ရောဂါကို သက်သာအောင် ပြုလုပ်သော လေ့ကျင့်ခန်းများ၊ အာဟာရ အကြံဉာဏ်များ၊ နှင့် နှစ်သိမ့်ဆွေးနွေးခြင်းများကို ပြုလုပ်ပေးနိုင်သည်။
• အောက်ဆီဂျင်ပေးခြင်း ။ လူနာကို ပိုက် သို့မဟုတ်၊ မျက်နှာအုပ်သည့် ကိရိယာဖြင့် အောက်ဆီဂျင်ပေးနိုင်သည်။
• ခွဲစိတ်ကုသခြင်း ။ တခါတရံတွင် ခွဲစိတ်ခြင်းအားဖြင့် လူနာကို သက်သာစေနိုင်သည်။ အဆုတ်ကို အစားထိုးကုသခြင်းလည်း ပြုလုပ်နိုင်သည်။

အဆုတ်ကင်ဆာကို ကုသခြင်း

     တခါတရံတွင် အဆုတ်ကင်ဆာကုသမှုများ သည် အဆုတ်ကင်ဆာကို ပျောက်ကင်းအောင် ကုသနိုင်သည်။ အခြားသော အချိန်တွင် ကုသမှုများသည် ကင်ဆာရောဂါကို ထပ်၍မပျံ့နှံ့ စေရန်နှင့် ရောဂါလက္ခဏာများ သက်သာစေရန်ဖြစ်သည်။ သင့်အတွက် ကုသမှုသည် အောက်ပါတို့ပေါ်တွင် မူတည်သည်။

• အဆုတ်ကင်ဆာ အမျိုးအစား
• ကင်ဆာသည် ဘယ်နေရာတွင်ဖြစ်ပြီး အခြားခန္ဓါကိုယ် အစိတ်အပိုင်းများသို့ ပျံ့နှံ့နေသည့်အခြေအနေ
• သင့်အသက်အရွယ်နှင့် ကျန်းမာရေးအခြေအနေ

     သင့်ဆရာဝန်သည် ကုသမှုကို တစ်မျိုးတည်းဖြစ်စေ၊ ကုသမှုများပေါင်း၍ ဖြစ်စေ ပေးနိုင်သည်။

      ခွဲစိတ်ကုသခြင်းသည် အဆုတ်၏ ကင်ဆာရှိသော အစိတ်အပိုင်းကို ဖယ်ထုတ်ပစ်ရန်ဖြစ်သည်။ အဆုတ်၏ တစိတ်တပိုင်းဖြစ်စေ၊ အားလုံးကို ဖြစ်စေထုတ်ပစ်ရန်လိုအပ်သည်။

       ဓါတ်ရောင်ခြည်ဖြင့် ကုသမှုသည် ကင်ဆာအဖုအကျိတ်ကို ဓါတ်ရောင်ခြည်ထိတွေ့စေပြီး ကင်ဆာဆဲလ်များသေစေရန်ဖြစ်သည်။ နာကျင်မှုကို သက်သာစေပြီး လူနာကိုလည်း ခံစာရခြင်းများ သက်သာစေသည်။

       ဓါတုဆေးဝါးများပေး၍ ကုသခြင်းသည် ကင်ဆာဆဲလ်များကို သတ်နိုင်သည်။ ဆေးများသည် သွေး ကြောထဲမှ ထိုးသွင်းခြင်းဖြင့် လည်းကောင်း၊ ဆေးလုံးအနေဖြင့် လည်းကောင်းရှိနိုင်သည်။
(Crd: Hello ဆရာဝန်)

#PAN