အပစ်အခတ်ရပ်စဲရေး အသက်ဝင်နေသော်လည်း လက်ဘနွန်ပြည်သူများ နေရပ်မပြန်ကြရန် အစ္စရေးသတိပေး


(နိုင်ငံတကာ) နိုဝင်ဘာ ၂၇
အစ္စရေးစစ်တပ်နှင့် ဟစ်ဇ်ဘိုလာတို့အကြား အပစ်အခတ်ရပ်စဲရေးမှာ ယနေ့တွင် စတင်အသက်ဝင်နေသော်လည်း တိုက်ပွဲများကြောင့် တိမ်းရှောင်နေရသည့် အစ္စရေးပြည်သူများအနေဖြင့် နေရပ်မပြန်ကြရန် သတိပေးထားသည်။
ယာယီအပစ်ရပ်သဘောတူစာချုပ်သည် ရက်ပေါင်း ၆၀ ကြာမြင့်မည်ဖြစ်ပြီး အဆိုပါကာလအတွင်း အစ္စရေးစစ်တပ်သည် လက်ဘနွန်တောင်ပိုင်းမှ ပြန်လည်ဆုတ်ခွာရမည်ဟု ပါဝင်သော်လည် ချက်ချင်းပြန်ဆုတ်ရန် မဖြစ်နိုင်သေးကြောင်းသိရသည်။
အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူက အစ္စရေးတပ်ဖွဲ့ဝင်များသည် မူလနေရာများတွင် တပ်စွဲထားဆဲဖြစ်ပြီး တပ်ဖွဲ့ဝင်များရှိရာနှင့် အနီးတစ်ဝိုက်သို့ သွားလာခြင်းမပြုရန် တားမြစ်ထားသည်။

#PAN