( ပြည်တွင်း) နိုဝင်ဘာ ၂၇
မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရား ကုန်စည်ပြပွဲကို လာမည့် ဒီဇင်ဘာလအတွင်း Yangon Convention Center (YCC) မှာ ကျင်းပသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမြင့်စိုးထံမှ သိရပါတယ်။ အဆိုပါ မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရား ကုန်စည်ပြပွဲကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်၊ ၇ ရက်နှင့် ၈ ရက်တို့ တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ Inya Lake Hotel Yangon Convention Center (YCC) တွင် ကျင်းပသွားမည်ဖြစ်ပါတယ်။ မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရားကုန်စည်ပြပွဲ ၂၀၂၄ မှာ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ၊ အသင်းဝင်စက်ရုံများ၊ ကိုရီးယား (KO-GAM)၊ ဟောင်ကောင် (HKMMA) နှင့် အာဆီယံ နိုင်ငံများရဲ့ အထည်အလိပ်နှင့် စက်ယန္တရားများကို ပြသသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတကာမိတ်ဖက်များအနေနဲ့လည်းပြပွဲမှာ ခင်းကျင်းပြသမယ့် ဒေသတွင်း အထည်အလိပ်နှင့် အထည်ချုပ်စက်ရုံများရဲ့ လုပ်ငန်းစွမ်းဆောင်ရည်နှင့် လက်မှုပညာများကို လေ့လာနိုင်မည်ဖြစ်ပြီး ရိုးရာနည်းပညာ များမှစ၍ ခေတ်မီဆန်းသစ်တီထွင်မှုများထိ Made in Myanmar ထုတ်လုပ်သူများထံမှ အထည်အလိပ် ထုတ်ကုန်ပစ္စည်းများ၊ စက်ပစ္စည်းများကို လေ့လာခွင့်ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။
#PAN