(နိုင်ငံတကာ) နိုဝင်ဘာ ၂၇
စစ်မှုထမ်းသူတွေအတွက် အကြွေးသက်သာခွင့် ကြွေးမြီတွေကိုလျှော်ပစ်ပေးမယ့် ဥပဒေတစ်ရပ်ကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က လက်မှတ်ရေးထိုးပေးလိုက်ပြီလို့သိရပါတယ်။
သမ္မတပူတင်က ဒီဥပဒေကို ပြီးခဲ့တဲ့ စနေနေ့က လက်မှတ်ရေးထိုးပေးလိုက်တာပါ။
လူထုမကျေမနပ်မှုကို ရင်ဆိုင်နေရတဲ့ တပ်ဖွဲ့ဝင်စည်းရုံးမှုကို တိုးမြှင့်လုပ်ဆောင်မယ့်အစား စာချုပ်ချုပ်ပြီး စစ်သားစုဆောင်းဖို့ ရုရှားအစိုးရက ကြိုးပမ်းလာတာ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၁ ရက် ဒါမှမဟုတ် အဲဒီနောက်ပိုင်းမှာတပ်သားသစ်အဖြစ် ၁ နှစ် နဲ့အထက် စာချုပ်ချုပ်မယ်ဆိုရင် အများဆုံး ရူဘယ် ၁၀ သန်း (အမေရိကန်ဒေါ်လာ ၉၆,၀၀၀ လောက်) ကြွေးမြီတွေကို လျှော်ပစ်ဖို့ ဥပဒေက ခွင့်ပြုထားတယ်လို့ ဆိုပါတယ်။
စာချုပ်ချုပ်ဆိုထားတဲ့ စစ်သားတွေအတွက် လစာမြင့်မားနေပြီး စစ်တပ်မှာပါဝင်ဖို့ စာရင်းပေးသွင်းတဲ့ပြစ်ဒဏ်ကျ အကျဉ်းသားတွေအတွက် လွတ်ငြိမ်းချမ်းသာခွင့်ကိုလည်း ကမ်းလှမ်းထားပါတယ်။
ရုရှားဟာ ယူကရိန်းမှာ တိုက်ပွဲဝင်ဖို့ သူ့ရဲ့တပ်ဖွဲ့တွေ အင်အားတိုးချဲ့ရေးအတွက် နိုင်ငံခြားသားတွေကို ခေါ်ယူနေပုံလည်း ရပါတယ်။
ရုရှားဟာ ရာနှင့်ချီရှိတဲ့ ယီမင်ကြေးစားစစ်သားတွေကို ယူကရိန်းရှေ့တန်းကို စေလွှတ်ခဲ့တယ်လို့ Financial Times က တနင်္ဂနွေနေ့မှာ ဖော်ပြခဲ့ပါတယ်။
ရုရှားတပ်ဖွဲ့တွေက ငှားရမ်းထားတဲ့ နိုင်ငံခြားသားတွေထဲမှာ အိန္ဒိယနဲ့ နီပေါနိုင်ငံသားတချို့ ပါတယ်ဆိုတာကိုလည်း အတည်ပြုထားပါတယ်။
Ref;NHK
#PAN