အီရန် က အစ္စရေးခေါင်းဆောင်များကို သေဒဏ်ပေးရန် တောင်းဆို


(နိုင်ငံတကာ) နိုဝင်ဘာ ၂၆

အစ္စရေးနိုင်ငံမှ ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု အပါအဝင် ထိပ်တန်းခေါင်းဆောင်များကို သေဒဏ် ပေးသည့် အမိန့်များထုတ်ပြန်ပေးရန် အီရန်ဦးသျှောင်ဖြစ်သည့် အယာတိုလာအလီ ခါမေနီ က တောင်းဆိုလိုက် သည်ဟု အီရန်သတင်းဌာနများက ဖော်ပြထားသည်။

နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံးက ပြီးခဲ့သည့် သီတင်းပတ် တွင် အစ္စရေးဝန်ကြီးချုပ်၊ အစ္စရေးကာကွယ်ရေးဝန်ကြီးဟောင်းနှင့် ဟားမတ်စ်ခေါင်းဆောင်တို့ကို ဖမ်းဆီးမိန့်များ ထုတ်ပြန်လိုက်ပြီးနောက် အီရန်ဦးသျှောင်က ယခုကဲ့သို့ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

အစ္စရေးနိုင်ငံက ဂါဇာနှင့်လက်ဘနွန်တို့တွင် ကျူးလွန်သော စစ်ရာဇဝတ်မှုများအတွက် ဖမ်းဆီးမိန့်တစ်ခု တည်းဖြင့် မလုံလောက်ကြောင်း၊ သေဒဏ်ပေးသည်ဟူသော ထုတ်ပြန်ချက်ကိုပင် ထုတ်ပြန်ရမည်ဖြစ်ကြောင်း အယာတိုလာအလီ ခါမေနီ က နိုဝင်ဘာလ ၂၅ ရက်တွင် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ တပ်မ တစ်ခုနှင့်တွေ့ဆုံစဉ် ပြောထားခြင်းဖြစ်ကြောင်း RT သတင်းဌာနတွင် ဖော်ပြထားသည်။

Telegram»…
https://t.me/positiveanglenews

PAN