(ပြည်တွင်း) နိုဝင်ဘာ ၂၅
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ်ရှိ “ကဗျာည”စားသောက်ဆိုင်ပိုင်ရှင်အား အကြမ်းဖက် PDF ၄ ဦးမှ ယမန်နေ့ နံနက် ၉ နာရီ ၂၀ မိနစ်အချိန်ခန့်က ဖမ်းဆီးရန် လာရောက်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင် ပုဂံမြို့သစ်ရှိ ကဗျာညစားသောက်ဆိုင်အား အကြမ်းဖက် PDF ၄ ဦးက ပစ္စတိုသေနတ်ကိုယ်စီ ကိုင်ဆောင်ကာ ဆိုင်အတွင်းဝင်ရောက်လာပြီး ဆိုင်ရှင် ဦးမင်းမင်းအောင် အား သေနတ်ဒင်ဖြင့်ထုရိုက်၍ လက်ထိပ်ခတ် ဖမ်းဆီးခေါ်ဆောင်စဥ် ဆိုင်ရှိဝန်ထမ်းများနှင့် အခြားသူများမှ ပြန်လည်ဝိုင်းဝန်းရိုက်နှက်၍ဖမ်းဆီးကြရာ အကြမ်းဖက် PDF များ ထွက်ပြေးသွားခဲ့ရပြီး၊ ထွက်ပြေးရာနောက်သို့လိုက်လံဖမ်းဆီးစဥ် ပုဂံမြို့သစ်၊ မြို့ရှောင်လမ်း၊ မြေသားနှင့် ကတ္တရာလမ်းဆုံရာ လောကနန္ဒာ ဘေးမဲ့တောဥယျာဥ်ထိပ်ရှိ ညောင်ပင်ကြီးအနီး အရောက်တွင် အကြမ်းဖက် PDF များက လက်ပစ်ဗုံးဖြင့် ပစ်ခတ်ထွက်ပြေးသွားကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် PDF ၄ ဦး၏ လက်ပစ်ဗုံးဖြင့် ပစ်ခတ်မှုကြောင့် အနီးရှိ ညောင်ဦးမြို့နယ်၊ လက်ဝဲကျေးရွာနေ ကိုအောင်ပိုင်ဦး တွင် ဗုံးစထိမှန်၍ ဝဲဘက်ခြေသလုံးတွင်(မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ကြောင်း၊ ဆိုင်ရှင် မင်းမင်းအောင် မှာ အကြမ်းဖက် PDF များက သေနတ်ဒင်ဖြင့်ထုရိုက်ခဲ့သဖြင့် နောက်စေ့ တစ်လက်မခန့်ကွဲ(မစိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့ပြီး ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသထားကြောင်း၊ ထွက်ပြေးသွားသည့် အကြမ်းဖက် PDF များ နောက်သို့ သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူများမှ လိုက်လံရှင်းလင်း လျက်ရှိကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews