၂၀၂၄ ခုနှစ်ဟာ တတိယကမ္ဘာစစ် စတင်ခဲ့ချိန်ဖြစ်သည်ဟု ယူကရိန်း ဦးစီးချုပ်ဟောင်းက ပြောကြား

(နိုင်ငံတကာ) နိုဝင်ဘာ ၂၄

     ယူကရိန်း ဦးစီးချုပ်ဟောင်းနဲ့ ယခု ယူကရိန်းနိုင်ငံဆိုင်ရာ United Kingdom သံတမန်ဖြစ်သူ Valery Zaluzhny က  ရုရှားနောက်မှာ တရုတ်၊ မြောက်ကိုရီးယားနဲ့ အီရန်တို့ ရှိလာတဲ့အတွက် ၂၀၂၄ ခုနှစ်ဟာ တတိယကမ္ဘာစစ် စတင်ခဲ့ချိန်ဖြစ်တယ်လို့ ယုံကြည်ရမှာဖြစ်ကြောင်း ပြောလိုက်ပါတယ်။

     လောလောဆယ် ယူကရိန်းစစ်မျက်နှာမှာ ရုရှားစစ်သည်ပေါင်း (၅၇၅,၀၀၀) ရောက်ရှိတိုက် ခိုက်နေပြီး၊ (၂၀၂၄) ခုနှစ်အကုန်မှာ (၆၉၀,၀၀၀) အထိတိုးမြှင့်သွားဖို့ရှိနေကြောင်း သိရသည်။ ရုရှားသမ္မတ ပူတင်က ယူကရိမ်းကို ပစ်ပြလိုက်တဲ့ Oreshnik အမျိုးအစား 8370 mph အမြန်နှုံးရှိတဲ့ ဟိုက်ပါဆောနစ်များကို ထုတ်လုပ်မှု့မြှင့်တင်မည်ဟု ဆိုသည်။

      ရုရှား – ယုကရိန်း စစ်ရေးအခြေအနေတွေက လျော့ကျမသွားပဲ ပိုမိုဆိုးရွားပြီး တင်းမာလာသည်ကို တွေ့နေရသည်။ ယူကရိမ်းဖက်က ရုရှားရဲ့ Rostov ဒေသတွင်းကို  အမေရိကန်လုပ် ATAMCS များနဲ့ ဆက်လက်တိုက်ခိုက် မည်လို့သိရပြီး နောက်သတင်းတစ်ခုတွင် United Kingdom လုပ် Storm shadow တာဝေးပစ်များနဲ့ ရုရှားရဲ့ နေရာ (၁၁) ခုကို တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ ဒါအပြင် ကနေဒါနိုင်ငံက ၎င်းနိုင်ငံထုတ် NASAMS တာဝေးပစ်ဒုံးကို ရုရှားနယ်ထဲပစ်ခတ်ဖို့ ယူကရိန်းကိုပေးပို့ခဲ့သည်ဟု သတင်းများ ထွက်ပေါ်နေသည်။

      ဗြိတိသျှ လေယာဉ်တင်သင်္ဘောကြီး HMS Elizabeth ဟာ မြောက်ဖက်ပိုင်းမှာ NATO နဲ့စစ်ရေးလေ့ကျင့်ဖို့ ဟမ်းဘတ်က ထွက်ခွာ သွားပြီဟု ဆိုသည်။

     အဆိုပါ လက္ခဏာများမှာ NATO အနေနဲ့ နောက်ဆုံး မရှောင်တိမ်းနိုင်တဲ့အခြေအနေ အချိန် အခါကျရင် ယူကရိန်းစစ်ထဲကို ဝင်ရောက်လာလိမ်မည်ဆိုသည့် အရိပ် အယောင်များဟု ယူဆနိုင်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ထားပါသည်။

#PAN