(ပြည်တွင်း) နိုဝင်ဘာ ၂၄
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ” အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိ ချက်များနှင့်စပ်လျဉ်းသည့် Website နှင့် Mobile Application တို့ကို နိုဝင်ဘာ ၂၂ ရက်တွင် လွှင့်တင်ထားပြီးဖြစ်သဖြင့် ပြည်တွင်း၊ ပြည်ပမှ လေ့လာလိုသူများအနေဖြင့် လေ့လာဖတ်ရှုနိုင်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ Website နှင့် Mobile Application တို့တွင် ရွေးကောက်ပွဲအကြိုကာလ၌ ကြိုတင်ကြံစည် ဆောင်ရွက်ခဲ့မှုများ၊ ရွေးကောက်ပွဲကာလတွင် ဆောင်ရွက်ခဲ့မှုများ၊ ရွေးကောက်ပွဲအလွန် ကာလဖြစ်စဉ်များ၊ မြန်မာနိုင်ငံတစ်ဝန်းလုံး ရွေးကောက်ပွဲကျင်းပခဲ့သည့် မြို့နယ် ၃၁၅ မြို့နယ်၏ မဲစာရင်းစိစစ်ခြင်းနှင့် မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း၊ ရွေးကောက်ပွဲဖြစ်စဉ်တစ်ခုလုံးအပေါ်ခြုံငုံစစ်ဆေး တွေ့ရှိချက်၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေး ကောက်ပွဲရလဒ်များကို ပယ်ဖျက်ခြင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပေါ်သုံးသပ်ချက်၊ မှတ်တမ်းဓာတ်ပုံ များစသည်ဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များကို တစ်နေရာတည်းတွင် ကဏ္ဍစုံလင်စွာ လေ့လာဖတ်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် မြန်မာ၊ အင်္ဂလိပ်၊ တရုတ်၊ ရုရှား၊ ဂျပန် စသည့် ဘာသာစကား ငါးမျိုးဖြင့် လွှင့်တင်မည်ဖြစ်ရာ လေ့လာဖတ်ရှုလိုသူများသည် https://2020election.uec.gov.mm တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပြီဖြစ်ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews