(အားကစား) နိုဝင်ဘာ ၂၄
ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၁၂)အဖြစ် လက်စတာအသင်းနဲ့ ချဲလ်ဆီးအသင်းတို့ ကစားခဲ့ရာ ချဲလ်ဆီး အသင်းက အဝေးကွင်းမှာ ဂျက်ဆင် နဲ့ အန်ဇိုဖာနန်ဒက် တို့ရဲ့ သွင်းဂိုးများနဲ့အတူ ၂ ဂိုး၊ ၁ ဂိုး ရလဒ်နဲ့ အနိုင်ရရှိခဲ့ ပါတယ်။
နှစ်သင်းစလုံးက အဓိကကစားသမားတွေနဲ့ ပွဲထွက်လာခဲ့ပြီး ချဲလ်ဆီးအသင်းက အဝေးကွင်းမှာ ခြေစွမ်းပိုင်း အသာနဲ့ ဖိအားပေးကစားနိုင်ခဲ့ပါတယ်။
ပထမပိုင်းပွဲချိန် ၁၅ မိနစ်မှာ အန်ဇိုဖာနန်ဒက်ရဲ့ ဖန်တီးပေးမှုမှတစ်ဆင့် ဂျက်ဆင် က ချဲလ်ဆီးအသင်းအတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာ ပထမပိုင်းကထက် အကြိတ်အနယ်ရှိခဲ့ပြီး ပွဲချိန် ၇၅ မိနစ်မှာ ကွင်းလယ် ကစားသမား အန်ဇိုဖာနန်ဒက် က လက်စတာအသင်းဂိုးသမား ပုတ်ထုတ်လိုက်တဲ့ဘောလုံးကို အနီးကပ် ခေါင်းတိုက်ပြီး ဒုတိယဂိုးကို သွင်းယူခဲ့ပါတယ်။
နာကျင်အချိန်ပိုမှာ ချဲလ်ဆီးနောက်တန်းကစားတွေရဲ့ အမှားကြောင့် ရရှိခဲ့တဲ့ပင်နယ်တီ မှတစ်ဆင့် လက်စတာအသင်းက ဂိုးသွင်းယူနိုင်ခဲ့လို့ ပွဲပြီးဆုံးချိန်မှာ နှစ်ဂိုး၊ တစ်ဂိုးနဲ့ ချဲလ်ဆီးအသင်းက အနိုင်ရရှိခဲ့ပါတယ်။
Telegram»…
https://t.me/positiveanglenews