(နိုင်ငံတကာ) နိုဝင်ဘာ ၂၄
အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့၏ သုံးနိုင်ငံပူးတွဲ စစ်ရေးလေ့ကျင့်မှုများကို မြောက်ကိုရီးယား နိုင်ငံက ဝေဖန်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်က အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့ သုံးရက်ကြား ပူးတွဲစစ်ရေး လေ့ကျင့်မှုများပြုလုပ်ခဲ့ရာ တိုက်လေယာဉ်များ၊ ပင်လယ်ရေကြောင်း ကင်းလှည့်လေယာဉ်များနှင့်အတူ အမေရိကန် ရေတပ်၏ ယူအက်စ်အက်စ်ဂျော့ဝါရှင်တန် လေယာဉ်တင်သင်္ဘောလည်းပါဝင်ခဲ့သည်။
အဆိုပါသုံးနိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ဝေဖန်ခဲ့ပြီး ရန်လိုသည့် လုပ်ရပ်များရပ်တန့်ရန် တောင်းဆိုခဲ့သည်။
ထို့ပြင် မြောက်ကိုရီးယားနိုင်ငံကို ကာကွယ်ရေးအတွက် မိမိတို့ အနေဖြင့် လိုအပ်သည့်တုံ့ပြန်မှုများ ပြုလုပ်ရလိမ့်မည်ဖြစ်ကြောင်း မြောက်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက သတိပေးထားသည်။
ယင်းအပြင် မိမိအနေဖြင့် အမေရိကန်နှင့် မဟာမိတ်တပ်များ၏ စစ်ရေးလှုပ်ရှားမှုများကို အနီးကပ် စောင့်ကြည့်နေပြီး လိုအပ်ပါက ဘေးအန္တရာယ်ကိုကာကွယ်ရေးအတွက် နည်းလမ်းပေါင်းစုံအသုံးပြုရန်
ပြင်ဆင်ထားကြောင်း မြောက်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာန ကြေညာချက်တွင် ဖော်ပြထားသည်။ မြောက်ကိုရီးယားနိုင်ငံသည် အမေရိကန်နိုင်ငံနှင့် ဒေသတွင်းမဟာမိတ်များ၏ စစ်ရေးလေ့ကျင့်မှုများကို ကျူးကျော်စစ်အဖြစ် ဇာတ်တိုက်မှုအဖြစ် မှတ်ယူထားကြောင်းသိရသည်။
Telegram»…
https://t.me/positiveanglenews