(အားကစား) နိုဝင်ဘာ ၂၄
မန်စီးတီးအသင်းနဲ့ စပါးအသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီးအသင်းက အံ့အားသင့်စရာ ရလဒ်ဖြစ်တဲ့ လေးဂိုး၊ ဂိုးမရှိနဲ့ ရှုံးပွဲထပ်မံကြုံတွေခဲ့ရပါတယ်။
ဒဏ်ရာရကစားသမားတွေရှိနေပြီး ဖိအားတွေများနေတဲ့ မန်စီးတီးအသင်းက စပါးအသင်းရဲ့ တန်ပြန်တိုက်စစ် ကစားပုံကို ခုခံနိုင်စွမ်းမရှိဘဲ ရှုံးပွဲကိုထပ်မံရရှိခဲ့ပါတယ်။
စပါးအသင်းက ကူလူစက်စကီး၊ ဆွန်ယောင်မင် နဲ့ မက်ဒီဆန် တို့ရဲ့တိုးအားကို မန်စီးတီးအသင်း နောက်တန်းတွေက ထိန်းချုပ်နိုင်စွမ်းမရှိခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းရဲ့ အဓိကကွင်းလယ်နဲ့ နောက်တန်းကစားသမားတွေ ဒဏ်ရာရရှိနေတာကလည်း မန်စီးတီးအသင်းအတွက် ကြီးမားတဲ့ အားနည်းချက်ဖြစ်နေခဲ့ပါတယ်။
စပါးအသင်းအတွက် ဂိုးတွေကို ပွဲချိန်ပထမပိုင်း ၁၃ မိနစ်နဲ့ ၂၀ မိနစ်တို့မှာ ကွင်းလယ်ကစားသမား မက်ဒီဆန် က သွင်းယူခဲ့ပြီး ပွဲချိန်ဒုတိယပိုင်း ၅၂ မိနစ်မှာ စပါးနောက်တန်းကစားသမားပီဒရို ပေါ်ရို နဲ့ နာကျင်အချိန်ပိုမှာ ဆိုလန်ကီ တို့က အသီးသီးသွင်းယူနိုင်ခဲ့ပါတယ်။
Telegram»…
https://t.me/positiveanglenews