(မှုခင်း) နိုဝင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တပ်ကြီးကျေးရွာ၊ အိုးတုတ္တန်းတိုးဂိတ်အကျော်၌ အမည်မသိအမျိုးသား ၂ ဦးမှ ကျောင်းဆရာမ ၁ ဦးအား ဓားဖြင့်ထိုး၍ ဆိုင်ကယ်လုယက်သွားကြောင်း သိရသည်။
ယနေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ကျော်အချိန်ခန့်က ကြည့်မြင်တိုင်ကျေးရွာ၊ အ.ထ.က(ခွဲ)မှ အလယ်တန်းပြဆရာမ ဒေါ်အေးမြတ်ခိုင်အား အမည်မသိအမျိုးသား ၂ ဦးမှ ဓားဖြင့်ထိုးပြီး ဆိုင်ကယ်လုယူသွားကြောင်း၊ ဆရာမမှာ ဓါးဒဏ်ရာများဖြင့် လဲကျသေဆုံးနေကြောင်း သိရသည်။
အဆိုပါ လုယက်မှုကျူးလွန်သည့် တရားခံများအားဖမ်းဆီးရမိရေး သက်ဆိုင်ရာလူံခြုံရေးအဖွဲ့မှ လိုက်လံရှာဖွေဖမ်းဆီးမှုများ ဆောင်ရွက်ခဲ့ရာ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် အမရပူရမြို့နယ်၊ တပ်ကြီးကွင်း(ယာခင်းကွင်း)အတွင်းမှ ခန့်ဇင်လင်း၊ ၂၀ နှစ်၊ (ဘ)ဦးဆန်းလင်း၊ တက်တူးဆရာ၊ သင်ပန်းရွာ၊ တံတားဦးမြို့နယ်နေသူအား ဖမ်းဆီးရမိခဲ့ပြီး ကျော်ကြီး (နာမည်အရင်းမသိ)၊ သင်ပန်းကုန်းရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ်(ထွက်ပြေး)အား ဖမ်းဆီးရမိရေးအတွက် တာဝန်ရှိသူများမှလိုက်လံရှာဖွေ ဖမ်းဆီးလျက်ရှိကြောင်း သိရှိရသည်။။
Telegram»…
https://t.me/positiveanglenews