(ပြည်တွင်း) နိုဝင်ဘာ ၂၃
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၊ သုံးခွကျေးရွာအုပ်စု ၊ ရေကျော်ကျေးရွာအနီးမှ KNLA/PDF များပစ်ခတ်သည့် လက်နက်ကြီးကျည်များမှာ သုံးခွကျေးရွာနှင့် ဝါးဒက်ကွင်းကျေးရွာသို့ ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ဒေသခံအမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။
နိုဝင်ဘာ ၂၂ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်အခြိန်ခန့်တွင် KNLA တပ်မဟာ(၁)၊ ရင်း(၃)နှင့် အကြမ်းဖက် PDF အဖွဲ့ ပူးပေါင်း အင်အား(၁၀၀)ဦးခန့်သည် ကျိုက်ထိုမြို့နယ်၊ သုံးခွကျေးရွာအုပ်စု ၊ ရေကျော်ကျေးရွာအနီးမှ ခြေမြန်တပ်ရင် (၂၀၇) တပ်တွင်းသို့ လက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်အတွင်း ကျရောက် ပေါက်ကွဲခြင်းမရှိဘဲ သုံးခွကျေးရွာနှင့် ဝါးဒက်ကွင်းကျေးရွာသို့(၁)လုံးစီကျရောက်ပေါက်ကွဲခဲ့ကြကြောင်း သိရသည်။
လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဒေသခံအမျိုးသမီးနှစ်ဦးထဲတွင် အသက် ၁၇ နှစ်အရွယ် (Grade-12) ကျောင်းသူ၏ ခါးနောက်ကျော ပေါက်ပြဲဒဏ်ရာ (၁)ချက်၊ ယာတင်ပါးဆုံအနီး ပေါက်ပြဲဒဏ်ရာ(၁)ချက်၊ ခါးအောက်ပိုင်းလှုပ်မရ(စိုးရိမ်ရ)ဒဏ်ရာ၊ အသက် (၄၇)နှစ်အရွယ်အမျိုးသမီးတွင် ယာပုခုံးပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ) တို့ရရှိခဲ့ကြောင်း သိရသည်။
စိုးရိမ်ရသည့် Grade -12 ကျောင်းသူအား သိမ်ဇရပ်တိုက်နယ်ဆေးရုံမှ ပဲခူးပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသထားကြောင်းသိရသည်။
Telegram»…
https://t.me/positiveanglenews