(ပြည်တွင်း) နိုဝင်ဘာ ၂၃
ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ရေးဘီလူးမြို့နယ်၊ အာယုတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးသို့ အကြမ်းဖက်(ရေးဘီလူး)အဖွဲ့မှ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်းသိရသည်။
အကြမ်းဖက်အဖွဲ့များသည် အာယုတောင်ကျေးရွာ ရွာလယ်လမ်းအတိုင်း မောင်းနှင်လာသော 7B/7816 နံပါတ်ပါ(ကန်တာ) ယာဉ် အမျိုးအစား၊ အဖြူရောင်မြေသယ်ယာဥ်ပေါ်မှ အင်အား ၁၀ ဦးခန့်က လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် အုပ်ချုပ်ရေးမှူအပါအဝင် ၄ ဦး ထိမှန်ဒဏ်ရာရရှိခဲ့ရပြီး၊ အုပ်ချုပ်ရေးမှူးရုံး၌ တာဝန်ထမ်းဆောင်နေသည့် ကျေးရွာပြည်သူ့ စစ်တပ်ဖွဲ့ဝင်များမှ ပြန်လည်ပစ်ခတ်ခဲ့မှုကြောင့်အကြမ်းဖက်အဖွဲ့များသည် အာယုတောင်ကျေးရွာ တောင်ဘက် ဆက်သွယ်ကျေးရွာဘက်သို့ သွားသည့်လမ်းအတိုင်း မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
အဆိုပါပစ်ခတ်မှုဖြစ်စဉ်တွင် အုပ်ချုပ်ရေးမှူးရုံးရှေ၌ ထိုင်နေသော အုပ်ချုပ်ရေးမှူး ဦးလင်းဦး၊ ၅၈ နှစ်သည် လည်ပင်းယာဘက် ကျည်ရှပ်ထိဒဏ်ရာ ၁ ချက်၊ ဝမ်းဗိုက်ယာဘက်ခြမ်း ကျည်ရှပ်ထိဒဏ်ရာ ၁ ချက်၊ ယာဘက်လက်ဖျံ ကျည်ဖေါက်ဝင် အရိုးကျိုးဒဏ်ရာ ၁ ချက်၊ ဝဲဘက်လက်မောင်း ကျည်ဖေါက်ဝင်ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ)၊ ဦးအောင်ဝင်း၊ ၅၃ နှစ်သည် ယာဘက်တင်ပါး ကျည်ဖေါက်ဝင် ဒဏ်ရာ ၁ ချက် (မစိုးရိမ်ရ)၊ ဒေါ်မြင့်စန်း၊ ၅၃နှစ်သည် ဝဲဘက်ဒူးခေါင်း ကျည်ဖေါက်ဝင်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)၊ နောင်နောင်၊ ၂၇ နှစ် ပြည်သူ့စစ်အဖွဲ့ဝင်သည် ယာပေါင်ကျည်ဖေါက်ဝင်ဒဏ်ရာ ၁ ချက် (မစိုးရိမ်ရ)တို့ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါဒဏ်ရာရသူများထဲမှ ဦးအောင်ဝင်းနှင့် ဒေါ်မြင့်စန်းတို့သည် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအနီး အလှူခံရန်ရောက်ရှိနေသူများဖြစ်ပြီး အခင်းဖြစ်ပွားရာနေရာနှင့် အနီးတဝိုက်တွင် လုံခြုံရေးအဖွဲ့မှ ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
Telegram»…
https://t.me/positiveanglenews