(ပြည်တွင်း) နိုဝင်ဘာ ၂၃
ယမန်နေ့က ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ မြို့လှမြို့၏ အနောက်မြောက်ဘက်၊ ၅ မိုင်ခန့်အကွာတွင် ဒေသခံပြည်သူများ၏ သတင်းပေးချက်အရလုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပိတ်ဆို့ရှင်းလင်းစဉ် အကြမ်းဖက် PDF အဖွဲ့ဝင် ၁၀ ဦးခန့်နှင့် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။
ယင်းတို့ ထိတွေ့မှုဖြစ်စဉ်တွင်အကြမ်းဖက်သမားများသည် အရှေ့ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားပြီး ၎င်းတို့ထံမှအမ်အေ ၃ – ၁ လက်၊ အမ်အေ ၄ – ၁ လက်၊ AK 47 – ၁ လက်၊ ကျည်အိမ်- ၃ ခု၊ ကျည်- ၃၄၀ တောင့်တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှဒေသခံပြည်သူများသည် အကြမ်းဖက်မှုများမလိုလားသောကြောင့် လုံခြုံရေအဖွဲ့များထံ လျှိုဝှက်သတင်းပေးမှုများပြားလာပြီး အကြမ်းဖက်သမားများ၏ စခန်းများ၊ ခိုအောင်နေရာ နေရာများအား လုံခြုံရေးအဖွဲ့ဝင်များက ရှင်းလင်းလျှက်ရှိကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews