(နိုင်ငံတကာ) နိုဝင်ဘာ ၂၃
ရုရှားအနေနဲ့ ယူကရိန်းကို တိုက်ခိုက်ဖို့ ဒုံးကျည်အသစ်တွေထပ်မံအသုံးပြုနိုင်တယ်လို့ ပူတင်က ပြောဆိုသတိပေးလိုက်ပါတယ်။
အမေရိကန်နဲ့ ဗြိတိန်ထုတ်ဒုံးကျည်တွေ အသုံးပြုကာ ယူကရိန်းက ရုရှားကို တိုက်ခိုက်အပြီး ရုရှားကလည်း ပြန်လက်တုံပြန်ထားကာ နောက်ထပ်တိုက်ခိုက်ဖို့ရာ ပူတင်က အရိပ်အမြွက်ပြောဆိုလိုက်တာပါ။
ကြာသပတေးနေ့က Dnipro မြို့ကို Oreshnik ဒုံးကျည်တွေနဲ့ ရုရှားက တိုက်ခိုက်ခဲ့ပါတယ်။ ပူတင်က ကာကွယ်ရေးအရာရှိတွေနဲ့ တွေ့ဆုံခဲ့ပြီး ဂုဏ်ပြုစကားပြောဆိုခဲ့ကာ ဒုံးကျည်စမ်းသပ်မှုအောင်မြင်မှုအတွက် ချီးကျူးခဲ့ပါတယ်။
“ကျနော်တို နောက်ထပ်စမ်းသပ်မှာဖြစ်သလို တိုက်ပွဲအတွင်းမှာလည်း အသုံးပြုမှာပါ၊ အခြေအနေတွေအပေါ် မူတည်ပါတယ်၊ ရုရှားအတွက် လုံခြုံရေးခြိမ်းခြောက်မှုတွေဖြစ်လာရင်ပေါ့” လို ပူတင်က ပြောဆိုခဲ့ပါတယ်။
Ref:NOM
Telegram»…
https://t.me/positiveanglenews