(နိုင်ငံတကာ) နိုဝင်ဘာ ၂၃
မကြာခင်ကမှ ပိုလန်မှာ ဖွင့်လှစ်ထားခဲ့တဲ့ အမေရိကန်ရဲ့ ဒုံးကျည်ကာကွယ်ရေးတပ်အခြေစိုက်စခန်းကို ဦးစားပေးတိုက်ခိုက်မယ့် ပစ်မှတ်စာရင်းထဲထည့်သွင်းထားတယ်လို ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရ အမျိုးသမီး Maria Zakharova က ဆိုပါတယ်။
မော်စကိုခုခံကာကွယ်ရေးတပ်ဖွဲတွေကို အားနည်းအောင် လုပ်နိုင်စွမ်းရှိတာကြောင့် အခုလိုမျိုး သတ်မှတ်ခဲ့တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ကြာသပတေးနေ့က လုပ်ခဲ့တဲ့ အပတ်စဉ်သတင်းစာရှင်းလင်းပွဲမှာ သူမက ဒုံးကျည်စခန်းဖွင့်လှစ်ခဲ့တဲ့အပေါ် မှတ်ချက်ပေးဖို့လည်း တောင်းဆိုခဲ့ပြီး အဆိုပါစခန်းဟာ ရုရှားကို ချိန်ရွယ်ပစ်မှတ်ထားဖို့ တိုက်ရိုက်ရည်ရွယ်ထားတယ်လို့လည်း သူမကဆိုပါတယ်။
Telegram»…
https://t.me/positiveanglenews