ဂျပန်အပါအဝင် နိုင်ငံကိုးနိုင်ငံအတွက် ဗီဇာမဲ့ပြည်ဝင်ခွင့် တရုတ်နိုင်ငံပေးအပ်


(နိုင်ငံတကာ) နိုဝင်ဘာ ၂၃

ဂျပန်၊ ဘူလ်ဂေးရီးယား၊ ရိုမေနီးယားနှင့် ခရိုအေးရှားအပါအဝင် ကမ္ဘာ့နိုင်ငံအများအပြားမှ နိုင်ငံသားများ အတွက် ဗီဇာမဲ့ပြည်ဝင်ခွင့်များပေးအပ်ရန် တရုတ်အစိုးရကစီစဉ်ထားကြောင်း
သတင်းများတွင် ရေးသားဖော်ပြ ထားသည်။

အဆိုပါနိုင်ငံများမှ နိုင်ငံသားများခံစားရယူနိုင်မည့် ဗီဇာမဲ့ပြည်ဝင်ခွင့်ကာလသည် ယခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်မှ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်ထိသာ အကျုံးဝင်မည်ဖြစ်သည်။

ဗီဇာမဲ့ဝင်ခွင့်ကို ဂျပန်၊ ဘူလ်ဂေးရီးယား၊ ရိုမေးနီးယား၊ ခရိုအေးရှား၊ မွန်တီနီဂရိုး၊ မြောက်မက်ဆီဒိုးနီးယား၊ မော်လ်တာ၊ အက်စတိုးနီးယားနှင့် လက်ဗီးယားနိုင်ငံ တို့မှ နိုင်ငံသားများ
ခံစားခွင့်ရမည်ဖြစ်သည်။

နိုင်ငံကိုးနိုင်ငံတို့မှ နိုင်ငံသားများအတွက် ဗီဇာမဲ့ပြည်ဝင်ခွင့်ပေးမည့် အစီအစဉ်ကို တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက အတည်ပြုသတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

ထို့ပြင် တရုတ်နိုင်ငံသည် ယခင်ဗီဇာမဲ့ပြည်ဝင်ခွင့် အစီအစဉ်များ ခံစားခွင့်ရရှိထားသည့် နိုင်ငံပေါင်း ၃၈ နိုင်ငံတို့မှ နိုင်ငံသားများ ဗီဇာမဲ့ပြည်ဝင်ခွင့်ရယူနိုင်သည့် ကာလကိုလည်း ထပ်တိုးပေးထားကြောင်း သိရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေညာချက်အရ အဆိုပါနိုင်ငံ ၃၈ နိုင်ငံတို့မှ နိုင်ငံသားများအနေဖြင့် ရယူနိုင်သည့် ဗီဇာမဲ့ပြည်ဝင်ခွင့်ကာလကို လက်ရှိ ၁၅ ရက်မှ ရက်ပေါင်း ၃၀ သို့ ထပ်တိုးပေးထားကြောင်း
သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN