(ပြည်တွင်း) နိုဝင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ စိတ္တရမဟီရပ်ကွက်၊ ၇၅ လမ်း၊ ၂၈×၂၉ လမ်းကြားတွင် အကြမ်းဖက် PDF သင်တန်းဆင်းထောက်ပို့အမျိုးသမီးတစ်ဦး အိမ်ငှားရမ်းနေထိုင်နေကြောင်း သတင်းအရ သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူများမှ သွားရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ယမန်နေ့ ညနေ ၅ နာရီအချိန်ခန့်က၊ စိတ္တရမဟီရပ်ကွက်တွင် အိမ်ငှားရမ်းနေထိုင်သည့် ဇင်မင်းထက်၊ ၂၆ နှစ်၊ (ဘ)ဦးအောင်ကျော်ဟိန်း၊ စျေးရောင်း၊ လက်ပံကျင်းကျေးရွာ၊ မြင်းမူမြို့နယ်၊ ဒေသကြီးနေသူနှင့် အကြမ်းဖက် PDF သင်တန်းဆင်း ဒေါ်သွယ်သွယ်စိုး၊ ၄၂ နှစ်၊ (ဘ)ဦးစိုးမြင့်၊ အရောင်းအဝယ်၊ အနှိပ်တော်ရပ်ကွက်၊ အောင်မြေသာစံမြို့နယ်နေသူတို့အား ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိသူတို့၏ဖုန်းအတွင်းမှ FB Page တွင် PDF သင်တန်းတက်ရောက်စဉ်က လက်နက်ကိုင်ဆောင်ထားသောပုံများ တင်ထားခြင်း၊ နိုင်ငံရေး Post များအား like, follow and share ပြုလုပ်ထားသဖြင့် ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews