(မှုခင်း) နိုဝင်ဘာ ၂၂
မွန်ပြည်နယ် ရေးမြို့နယ် ရေး – ထားဝယ် သွားကားလမ်းပေါ်ရှိ ကိုးမိုင်တံတားကို အကြမ်းဖက်အဖွဲ့များမှ မိုင်းခွဲဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။
ရေးမြို့နှင့် မလွဲတောင်ကြားရှိ အဆိုပါတံတားအား ယနေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် KNU နှင့် PDF အကြမ်းဖက်များမှ မိုင်းခွဲဖျက်ဆီးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
တံတားမိုင်းခွဲဖျက်ဆီးခံရသည့်အတွက် တံတားလမ်းသားများ ပျက်စီးသွားသည့်အတွက် မော်တော်ယာဥ်သွားလာမှုကို ခေတ္တပိတ်ထားကြောင်း မလွဲတောင်ဂိတ်မှ အဆင်းကားများကိုခွင့်ပြုနေပြီး အတက်ကားများကိုတော့ ဆင်းခွင့်မပေးသေးပဲလွဲတောင်ဂိတ်တွင် ခေတ္တပိတ်ထားကြောင်း ကားသမားများထံမှသိရသည် ။
အဆိုပါတံတားသည် ရေးမြို့နှင့် ၁၂ မိုင် ခန့်အကွာတွင်ရှိပြီး အကြမ်းဖက်သမားများက မိုင်းခွဲဖျက်ဆီး သွားသဖြင့် လုံခြုံရေးအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးနေပြီး လက်ရှိတွင် ဆိုင်ကယ်များ သွားလာခွင့်ရရှိနေကြောင်း လုံခြုံရေးအဖွဲ့ဝင်များမှ လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေကြောင်းသိရသည်။
#PAN