ရုရှားက မြောက်ကိုရီးယားကို ရေနံစည်ပေါင်း ၁ သန်းပေးပို့ခဲ့


(နိုင်ငံတကာ) နိုဝင်ဘာ ၂၂

ဗြိတိန်အခြေစိုက် သုတေသနအဖွဲ့တစ်ခုဖြစ်သည့် Open Source Centre မှ ဂြိုလ်တုဓာတ်ပုံများ လေ့လာဆန်းစစ်မှုအရ ရုရှားသည် ယခုနှစ် မတ်လကတည်းက မြောက်ကိုရီးယားကို ရေနံစည်ပေါင်း တစ်သန်းကျော် ထောက်ပံ့ပေးခဲ့သည်ဟု ခန့်မှန်းဖော်ပြခဲ့သည်။

ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်လမီက အဆိုပါ လောင်စာဆီများသည် မြောက်ကိုရီးယားတပ်ဖွဲ့ဝင်များနှင့် လက်နက်ခဲယမ်းများအတွက် ပေးချေခဲ့ကြောင်း စွပ်စွဲပြောဆိုခဲ့သည်။

ဂြိုလ်တုဓာတ်ပုံများတွင် မြောက်ကိုးရီးယား ရေနံတင်သင်္ဘော တစ်ဒါဇင်ကျော်သည် ရုရှားနိုင်ငံ အရှေ့ဖျားရှိ ရေနံဆိပ်ကမ်းတစ်ခုသို့ လွန်ခဲ့သော ရှစ်လအတွင်း စုစုပေါင်း 43 ကြိမ် ရောက်ရှိလာသည်ကို ဖော်ပြထားသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး သတင်းမီဒီယာများမှ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနသို့ မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမပြုခဲ့ကြောင်းသိရသည်။

မြောက်ကိုရီးယားသည် ကမ္ဘာ့ရေနံဈေးကွက်တွင် ဝယ်ယူခွင့်မပြုသည့် တစ်ခုတည်းသောနိုင်ငံလည်းဖြစ်သည်။

Telegram»…
https://t.me/positiveanglenews

PAN